၂၀၂၅ တွင် စီးရေ ၃.၆၅ သန်း ရောင်းချရန် Geely အစီအစဉ်ချမှတ်


တရုတ်နိုင်ငံမှ ကားထုတ်လုပ်ရေး လုပ်ငန်းစ Geely Auto Group က ယခုနှစ် ၂၀၂၁ ပထမနှစ်ဝက်တွင် ဝင်ငွေ ယွမ် ၄၅ ဘီလျံ ရရှိခဲ့ကြောင်း၊ ယခင်နှစ်ထက် ၂၂% တိုးလာကြောင်း၊ အသားတင်အမြတ် ယွမ် ၂.၄၁ ဘီလျံ ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လုပ်ငန်းစုက ယခုမှ လာမည့်ငါးနှစ်အတွင်း နှစ်စဉ် စီးရေ ၃.၆၅ သန်း ရောင်းချနိုင်သည့် ပန်းတိုင်သို့ ရောက်အောင် သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

တရုတ်မော်တော်ယာဉ် အမှတ်တံဆိပ်များအကြား ပထမနေရာသို့ ၂၀၂၅ ခုနှစ်တွင် ရောက်ရန် ရည်မှန်းထားကြောင်းလည်း ပြောကြားသည်။ လျှပ်စစ်မော်တော်ယာဉ်များကို စမတ်လျှပ်စစ်မော်တော်ယာဉ်များ  smart electric vehicles (EV) အဖြစ်ဖြင့် အဆင့်မြှင့်တင် ထုတ်လုပ်သွားမည် ဖြစ်သည်။ လျှပ်စစ်မော်တော်ယာဉ်များ၏ ရောင်းအားသည် လုပ်ငန်းစုမှ ရောင်းချသည့် စီးရေစုစုပေါင်း၏ အနည်းဆုံး ၃၀% ရှိရန်လည်း ရည်မှန်းချက် ထားရှိသည်။ အမြင့်တန်း အီးဗီများအကြား Geely  ၏   Zeekr ရောက်ရှိနေမည် ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း လျှပ်စစ်မော်တော်ယာဉ်များတွင် အဆင့်(၃)အတွင်း ရောက်ရှိရန်လည်း ရည်မှန်းထားသည်။ စီးရေ အနည်းဆုံး ၆၅၀,၀၀၀ ရောင်းချရန် ရည်မှန်းထားသည်။ 

၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း Geely Auto Group က စီးရေ ၆၃၀,၂၃၇ ရောင်းချတဲ့သည်။ ယမန်နှစ်ထက် ၁၉% ပိုများသည်။  Geely ၏ အမှတ်တံဆိပ်တစ်ခု ဖြစ်သော Lynk&Co  သည် ၁၀၇,၈၇၃ စီး ရောင်းနိုင်ခဲ့သည်။ ယခင်နှစ်ကထက် ၉၆.၉၈% ပိုများသည်။ 

၂၀၂၁ တစ်နှစ်တာ ရောင်းအားကို စီးရေ ၁.၅၃ သန်း ရည်မှန်းထားသည်ဖြစ်ရာ ပထမနှစ်ဝက်တွင် ၄၁% ရောင်းခဲ့ပြီးပြီ ဖြစ်သည်။ စီအီးအို  Yan Jiayue က “ကျွန်တော်တို့ စီမံခန့်ခွဲမှုမှ မှန်းထားတာနဲ့ တစ်ထပ်တည်း ကျပါတယ်။ ဒုတိယနှစ်ဝက်မှာ Geely ရဲ့ မော်ဒယ်အသစ်တွေ ထွက်လာဖို့ ရှိနေတယ်။ ဒီတော့ ပထမနှစ်ဝက်ထက် ရောင်းအား ပိုကောင်းလိမ့်မယ်” ဟု ပြောကြားသည်။ 

Xingyue-L မော်ဒယ်အသစ်ကို ဇူလိုင်လတွင် စတင်ရောင်းချခဲ့ရာ အမှာစာ ၃၅,၀၀၀ ကျော် ရရှိခဲ့သည်။ စတုတ္ထမျိုးဆက် Emgrand ကို အမှာစာ ၁၅,၀၀၀ ကျော် ရရှိထားပြီး ဖြစ်သည်။ Zeekr 001 ကို အောက်တိုဘာလတွင် စတင်ရောင်းချမည့် အစီအစဉ် ရှိသည်။ 

ပြည်ပဈေးကွက်ထဲတွင် Geely က စီးရေ ၅၃,၄၂၂ ကို ပထမနှစ်ဝက်အတွင်း ရောင်းချခဲ့သည်။ ယခင်နှစ်ထက် ၁၇၃% ပိုများသည်။ မလေးရှား အမှတ်တံဆိပ်  Proton ကို ယင်းကာလအတွင်း စီးရေ ၅၇,၈၅၄ ရောင်းချခဲ့သည်။ မလေးရှားတွင်   Proton ၏ ဈေးကွက်ဝေစု လွန်ခဲ့သည့် သုံးနှစ်က  ၈% ရှိခဲ့ပြီး ယခုအခါ ၂၃% ရရှိထားပြီ ဖြစ်သည်။ 
 

Read 1634 times