ဓာတ်ဆီအင်ဂျင်နှင့် ဟိုက်ဘရစ်နည်းပညာအတွက် Geely နှင့် Renault ဒေါ်လာ ၇.၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှ


ဓာတ်ဆီအင်ဂျင်နှင့် ဟိုက်ဘရစ်နည်းပညာအတွက် Geely နှင့် Renault ဒေါ်လာ ၇.၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံမှ Geely Automobile Holdings နှင့် ပြင်သစ်နိုင်ငံမှ Renault SA တို့သည်  ဓာတ်ဆီအင်ဂျင်နှင့် ဟိုက်ဘရစ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ၅၀/၅၀ ဆတူထည့်ဝင်သည့် ဖက်စပ်လုပ်ငန်းသစ်တွင် ယူရို ၇ ဘီလီယံ (ဒေါ်လာ ၇.၇၁ ဘီလီယံ) အထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အင်္ဂါနေ့(ဇူလိုင် ၁၁) တွင် ပြောကြားခဲ့သည်။
 .
အဆိုပါ ဖက်စပ်လုပ်ငန်းသည် မော်တော်ကားလုပ်ငန်းအများစုတို့က  အရင်းအနှီး ကြီးကြီးမားမားဖြင့် လျှပ်စစ်ကားစစ်စစ်များဆီသို့ ကူးပြောင်းနေချိန်တွင် ပိုမိုထိရောက်သော အတွင်းလောင်ကျွမ်းအင်ဂျင်များနှင့် ဟိုက်ဘရစ်စနစ်များကို ထုတ်လုပ်ရန် ရည်ရွယ်ထားပါသည်။
.
"ကမ္ဘာတစ်ဝှမ်းရှိ မော်တော်ယာဥ်ထုတ်လုပ်သူများအတွက် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ဖြေရှင်းနည်းများကို ပံ့ပိုးပေးသည့် ဟိုက်ဘရစ်နည်းပညာများတွင် ကမ္ဘာ့ဦးဆောင်သူ ဖြစ်လာစေရန် ဤခရီးကို စတင်ရခြင်းအတွက် ကျွန်ုပ်တို့ ဝမ်းမြောက်မိပါသည်" ဟု Geely Holding Group ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ကုမ္ပဏီသစ်သည် အင်ဂျင် စက်ရုံ ၁၇ ရုံနှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အချက်အချာနေရာ ၅ ခုတို့တွင် အလုပ်အကိုင်နေရာ ၁၉,၀၀၀ ကို ခန့်အပ်မည်ဖြစ်ကြောင်း Renault က ပြောကြားသည်။
.
စစချင်းတွင် Volvo၊ Proton၊ Nissan၊ Mitsubishi Motors နှင့် PUNCH Torino အပါအဝင် ကားလုပ်ငန်းများထံ အင်ဂျင်များကို ဂီယာအုံနှင့်တကွ ပေးသွင်းရန် မျှော်မှန်းထားသည်။
အဆိုပါကားလုပ်ငန်းများသည် Geely နှင့် Renault တို့နှင့် တစ်နည်းမဟုတ်လျှင် တစ်နည်းဖြင့် ပတ်သက်နှီးနွှယ်နေသော ကုမ္ပဏီများ ဖြစ်သည်။
.
ဖက်စပ်လုပ်ငန်းသည် တစ်နှစ်လျှင် ဓာတ်ဆီအင်ဂျင်၊ ဟိုက်ဘရစ်နှင့် ပလပ်ထိုး ဟိုက်ဘရစ်အင်ဂျင်များကို ဂီယာအုံနှင့်တကွ ခုရေ ငါးသန်းအထိ ထုတ်လုပ်နိုင်စွမ်းရှိရန် ရည်မှန်းထားကြောင်း Renault က ပြောကြားသည်။
တစ်နှစ်လျှင် ဝင်ငွေ ယူရို ၁၅ သန်း (ကန်ဒေါ်လာ ၁၆.၅၃ ဘီလီယံ) ရရှိရန် မျှော်မှန်းထားသည်။
,
မတ်လတွင် Renault နှင့် Geely တို့နှင့် ရည်ရွယ်ကြောင်း စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သော Saudi Aramco သည် ကုမ္ပဏီသစ်တွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုပြုမည့် ပမာဏကို အကဲဖြတ်နေဆဲဖြစ်ကြောင်း Renault က ပြောကြားသည်။ ၂၀% အထိ အရင်းအနှီး ထည့်ဝင်ရန် ဆွေးနွေးညှိနှိုင်းလျက် ရှိသည်။

ဖက်စပ်လုပ်ငန်းသည် ယခုနှစ်အတွင်း ထုတ်လုပ်မှု စတင်မည် ဖြစ်သည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 322 times