မလေးရှားတွင် ကားထုတ်လုပ်ရေး အချက်အချာ ထူထောင်ရန် Geely ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်


မလေးရှားတွင် ကားထုတ်လုပ်ရေး အချက်အချာ ထူထောင်ရန် Geely ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

မလေးရှားနိုင်ငံ၏ အဓိက မော်တော်ယာဉ် ထုတ်လုပ်ရေး အချက်အချာ ထူထောင်ရန် တရုတ်ကားကုမ္ပဏီ Geely သည် ကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြုပ်နှံမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံ  ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားသည်။

Geely သည် မလေးရှား ကားလုပ်ငန်း Proton တွင် ရှယ်ယာ ၄၉.၉% ပိုင်ဆိုင်သည်။ Proton ရုံးချုပ်ထားရှိရန် အစီအစဉ်ရှိသည့် မလေးရှားအနောက်ပိုင်းရှိ Tanjung Malim မြို့တွင် မော်တော်ယာဉ် ထုတ်လုပ်ရေး အချက်အချာ ထူထောင်မည် ဖြစ်ပြီး အလုပ်အကိုင်များ ထောင်ချီ ရရှိမည်။ 

 Geely က မလေးရှား ပြည်တွင်းလုပ်ငန်း   DRB-HICOM Berhad နှင့် ပူးပေါင်းပြီး အချက်အချာကုိ ထူထောင်မည်ဟု ဧပြီလတွင် ပြောကြားခဲ့သည်။ ကနဦး အနေဖြင့် ကန်ဒေါ်လာ ၄.၄၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်။ 

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 433 times