တရုတ် Geely နှင့် မလေးရှား Proton တို့ ထိုင်းတွင် အီးဗီစက်ရုံ ထားရှိမည်


တရုတ် Geely နှင့် မလေးရှား Proton တို့ ထိုင်းတွင် အီးဗီစက်ရုံ ထားရှိမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 
မလေးရှားနိုင်ငံမှ နိုင်ငံကိုယ်စားပြု ကားထုတ်လုပ်သူ Proton နှင့် ၎င်း၏ တရုတ်စီးပွားဖက် Geely တို့သည် လျှပ်စစ်ကားများ ထုတ်လုပ်ရန်အတွက် ထိုင်းနိုင်ငံတွင် စက်ရုံတစ်ခု တည်ထောင်ရန် စဉ်းစားနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်က ပြောကြားသည်။
ဆရက်သာက မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက်  ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။ "လျင်မြန်စွာ ရှေ့ဆက်ရန်” ရှေ့ခြေလှမ်းအတွက် ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ကြောင်း ဆရက်သာက ပြောကြားသည်။
အစပျိုးအဆင့်သာ ရှိသေးသဖြင့် အသေးစိတ် အချက်အလက်များ မသိနိုင်သေးပါ။

Proton ကို မလေးရှားမှ ကုမ္ပဏီစုကြီး DRB-Hicom Berhad က ပိုင်ဆိုင်ပြီး ၂၀၁၇ ခုနှစ်တွင် Geely က Proton မှ ရှယ်ယာ ၄၉.၉% ကို ဝယ်ယူခဲ့သည်။ မလေးရှားတွင် ပြည်တွင်းကုမ္ပဏီမှာ ပြည်ပကုမ္ပဏီ တစ်ခုသည် ရှယ်ယာ  ၄၉.၉% အထိသာ ဝယ်ယူခွင့် ရှိပါသည်။ 
Source AFP 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 305 times