ကားလုပ်ငန်း Geely က စမတ်ဖုန်းလုပ်ငန်း Meizu ကို ဝယ်ယူ


ကားလုပ်ငန်း Geely က စမတ်ဖုန်းလုပ်ငန်း Meizu ကို ဝယ်ယူ

 


စမတ်ဖုန်းလုပ်ငန်းကြီးတွေ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြချိန်မှာ Lotus, Volvo, Polestar အစရှိတဲ့ brand တွေ ပိုင်ဆိုင်တဲ့ တရုတ်ကားလုပ်ငန်စုကြီး Geely က မိုဘိုင်းဖုန်းဈေးကွက်ထဲ ဝင်ရောက်ဖို့ ဘီးစလှိမ့်လိုက်ပါတယ်။

လုပ်ငန်းစုကြီး Geely က သက်တမ်း ၂၀ နီးပါး ရှိပြီဖြစ်တဲ့ တရုတ်စမတ်ဖုန်းလုပ်ငန်း Meizu ကို ဝယ်ယူလိုက်ပါတယ်။ ၂၀၂၃ မှာ Geely က ပထမဆုံး စမတ်ဖုန်း ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

Geely က Xingji Times အမည်ဖြင့် သီးခြားလုပ်ငန်းတစ်ခုဖြင့် စမတ်ဖုန်းကို လုပ်ကိုင်မှာ ဖြစ်ပြီး ZTE, Xiaomi နဲ့ Oppo တို့မှ အခရာကျတဲ့ အလုပ်အမှုဆောင်များဖြင့် Xingji Times ကို စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။
လုပ်ငန်းသစ် Xingji Times မှာ Geely က ယွမ် ၁၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ) ရင်းနှီးမြှုပ်နှံထားပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုမှာ Meizu ကို ဝယ်ယူဖို့ ကုန်ကျငွေ မပါပါဘူး။

Geely Holding Group ရဲ့ ဥက္ကဋ္ဌ Li Shufu က မိုဘိုင်းဖုန်းဟာ ဆော့ဖ်ဝဲ ဆန်းသစ်တီထွင်မှု ယာဉ် ဖြစ်ပြီး ယုံကြည်စိတ်ချရတဲ့ နည်းပညာ အတွေ့အကြုံကို သုံးစွဲသူတွေ ရရှိစေတယ်။ မော်တော်ယာဉ်ဈေးကွက်မှာလည်း အလားတူပင် ယုံကြည်စိတ်ချရတဲ့ နည်းပညာ အတွေ့အကြုံကို သုံးစွဲသူတွေ ရရှိသွားအောင် သူလုပ်ကိုင်ပေးလိုပါတယ်လို့ ပြောကြားပါတယ်။
iPhone တွေတပ်ဆင်ထုတ်လုပ်ပေးတဲ့ Foxconn က မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးကို စက်ရုံတွေ ထူထောင်ပြီး လုပ်ကိုင်သွားမှာ ဖြစ်ပြီး 
Foxconn ရဲ့ ဥက္ကဋ္ဌ Terry Gou က မော်တော်ယာဉ်ဆိုတာ ဘီး၄ဘီး တပ်ထားတဲ့ စမတ်ဖုန်းလို့ ပြောခဲ့ဖူးပါတယ်။
Tesla ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk က Tesla Model S က ကားမဟုတ်ဘူး။ ခေတ်မီကွန်ပျူတာကို ဘီးတွေပေါ်မှာ တင်ထားတာလို့ ပြောခဲ့ဖူးပါတယ်။

မဝေးလှတဲ့ အနာဂတ်မှာ လျှပ်စစ်ကား လုပ်ငန်းကြီးတွေအနေဖြင့် စမတ်ကားနဲ့ စမတ်ဖုန်းကို တွဲလုံးအဖြစ် ထုတ်လုပ်ကြလိမ့်မယ်လို့ ယူဆဂပါတယ်။ အခြားကုမ္ပဏီမှ ထုတ်လုပ်တဲ့ စမတ်ဖုန်းမှာ မိမိကားကုမ္ပဏီရဲ့ အက်ပ်ကို တင်သုံးမယ့်အစား ကားနဲ့ဖုန်း နှစ်မျိုးစလုံး ထုတ်လုပ်ကြလိမ့်မယ်လို့ မျှော်မှန်းနိုင်ပါတယ်။

Geely က စမတ်ဖုန်း တပ်ဆင်ထုတ်လုပ်မယ့် လုပ်ငန်းကို လက်တွဲဖို့ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
သုတေသနနှင့် ဖွံ့ဖြိုးရေး R&D ကိုတော့ Xingji Times ကုမ္ပဏီအတွင်းမှာ လုပ်ကိုင်ရမှာ ဖြစ်တာ‌ေကြာင့်  R&D ရရှိဖို့အတွက် စမတ်ဖုန်း လုပ်ငန်းကို ဝယ်ယူရတာ ဖြစ်ပါတယ်။

Meizu က အကျဘက်မှာ ရောက်ရှိနေပါတယ်။ တစ်နှစ်လျှင် စမတ်ဖုန်းလုံးရေ ၁ သန်းအောက်မှာသာ ထုတ်လုပ်ပါတယ်။ တစ်ချိန်တုန်းက တစ်နှစ်လျှင် စမတ်ဖုန်းလုံးရေ သန်း ၂၀ အထိ ထုတ်လုပ်ခဲ့ဖူးပါတယ်။

Read 823 times