အမျိုးသမီးများအတွက် Geely Icon ၂၀၂၃ မော်ဒယ်အသစ် စတင်ရောင်းချ


အမျိုးသမီးများအတွက် Geely Icon ၂၀၂၃ မော်ဒယ်အသစ် စတင်ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် Geely သည် ၎င်း၏ Icon စီးရီးအောက်မှ စျေးနှုန်း ယွမ် ၁၁၈,၉၀၀ (17,000 USD) ဖြင့် “Protagonist”  အမည်ရှိ  မော်ဒယ်အသစ်ကို စတင်ရောင်းချခဲ့ပါသည်။
"သီးြခားရပ်တည်သော အမျီုးသမီး" ဒီဇိုင်းအစီအစဉ်ဖြင့် အမျိုးသမီးများအတွက် ဒီဇိုင်းထုတ်ထားသောကား ဖြစ်ပါသည်။

Geely Icon ကို Geely ၏ BMA ပလက်ဖောင်းပေါ်တွင် တည်ဆောက်ထားပြီး ပထမဆုံးမော်ဒယ်ကို ၂၀၂၀ ပြည့်နှစ်တွင် ထုတ်လုပ်ခဲ့သည်။
 
BMA ပလက်ဖောင်းကို  Geely Binyue & Proton X50, Geely Binrui, Lynk & Co 06 မော်ဒယ်များတွင်လည်း အသုံးပြုပါသည်။

ဈေးအသက်သာဆုံးမှာ Icon Chocolate ဗားရှင်းဖြစ်ပြီး ၎င်းထက် Icon Protagonist က အဆင့်ပိုမြင့်ပါသည်။
အမျိုးသမီးများ Icon Protagonist ကို မောင်းနှင်သည့်အခါ အဆင်ပြေစေရန် ယာဉ်မောင်းထောက်ကူစနစ်များ ထည့်ပေးထားပါသည်။ ယာဉ်တိုက်မည့်အရေး သတိပေးခြင်း၊ ယာဉ်ကြောကူးပြောင်း အထောက်အကူ၊ ၅၄၀ ဒီဂရီ မြင်ကွင်းကျယ်၊ ပါကင်ထိုးခြင်း၊ မိုဘိုင်းဖုန်း အဝေးထိန်း၊ ယာဉ်မောင်းနေရာ အလိုအလျောက် သန့်ရှင်းရေး အစရှိသည်တို့ ပါဝင်သည်။

ကိုယ်လုံးကိုယ်ထည်မှာ SUV အသေးစား ဖြစ်ပြီး
အလျား 4350 mm
အကျယ် 1815 mm
အမြင့် 1620 mm 
ခါးအလျား 2640 mm
ဖြစ်ပါသည်။
ကိုယ်ထည် အရောင်အဆင်းမှာ volcanic gray + neon purple နှစ်ရောင်ခြယ် ဖြစ်ပါသည်။
တံခါးလက်ကိုင်ပျောက် ဖြစ်ပြီး ၁၉ လက်မ ဘီးများ သုံးပါသည်။

Infotainment အတွက် Galaxy OS အသုံးပြုပါသည်။

အင်ဂျင်ပါဝါ 133 kW ဖြစ်ပြီး ရုန်းအား 290 Nm အထိ ထုတ်ပေးနိုင်သည်။
အမြင့်ဆုံး အမြန်နှုန်း 200 km/h ဖြစ်ပြီး သုညမှ 100 km/h သို့ အရှိန်တင်ရန် ၇.၉ စက္ကန့် ကြာပါသည်။
ဆီစားနှုန်း ကီလိုမီတာ ၁၀၀ ၆.၃ လီတာ ဖြစ်ပါသည်။


Source: DongCheDi, Sina

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 337 times