၂၀၂၂ တွင် Geely Group ကားစီးရေ ၂.၃ သန်းကျော် ရောင်းချခဲ့


၂၀၂၂ တွင် Geely Group ကားစီးရေ ၂.၃ သန်းကျော် ရောင်းချခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်မော်တော်ကားလုပ်ငန်းစုကြီး Geely Group သည် ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ရောင်းအားရလဒ်များကို ထုတ်ပြန်ခဲ့သည်။
ကားစီးရေ ၂.၃ သန်းကျော် ရောင်းချခဲ့ပြီး ၂၀၂၁ ထက် ၅% နီးပါး ရောင်းအားကြီးထွားခဲ့သည်။ 
အီဗီးများ သုံးပုံတစ်ပုံနီးပါး ပါဝင်သည်။ 

Geely ဟုလူသိများသော Zhejiang Geely Holding Group Co., Ltd. သည်  တရုတ်နိုင်ငံတွင် အခြေစိုက်သည့် နိုင်ငံစုံမော်တော်ကားကုမ္ပဏီတစ်ခုဖြစ်သည်။ ပြည်ပနိုင်ငံများရှိ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပိုင်ဆိုင်သည်။ 
Volvo Cars တွင် Geely က ရှယ်ယာအများစု ပိုင်ဆိုင်ထားသည်။ လျှပ်စစ်ကားများသာ ထုတ်လုပ်သည့် Polestar တွင် ရှယ်ယာ ၅၀% ပိုင်ဆိုင်သည်။ brand အသစ်ဖြစ်သော smart ကို Mercedes-Benz AG နှင့် ဖက်စပ်လုပ်ကိုင်သည်။ Lotus တွင် ၂၀၁၇ ခုနှစ်မှစ၍ Geely Holding Group က ရှယ်ယာအများစု ပိုင်ဆိုင်သည်။

Geely ကိုယ်ပိုင် brand များဖြင့်လည်း မော်တော်ယာဉ်များ ထုတ်လုပ်သည်။  လျှပ်စစ်ကားများ ထုတ်လုပ်သည့် ZEEKR သည် Geely ထူထောင်သည့် brand ဖြစ်သည်။ ZEEKR ၏ 001 မော်ဒယ်သည် ၂၀၂၂ တွင် တရုတ်ပြည်တွင်းဈေးကွက်မှာ အကြီးအကျယ် အေင်မြင်ခဲ့သည်။

Geely Group မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အရောင်းကိန်းဂဏန်းများအရ ရောင်းအား ၂၀၂၁ ထက် ၄.၇% မြင့်တက်သည်။ စီးရေ ၂ သန်းကျော် ရောင်းချနိုင်ခဲ့သည်မှာ ၅ နှစ်ဆက်တိုက်ရှိပြီ ဖြစ်ရာ ၂၀၂၂ သည် ပဉ္စမမြောက်နှစ် ဖြစ်သည်။
Geely Group သည် ၂၀၂၂ တွင် အီးဗီ အိမ်စီးကားနှင့် လုပ်ငန်းသုံးကားအစီးရေ ၆၇၅,၀၀၀  ကျော်ရောင်းချခဲ့သည်။

Geometry (Geely Auto)

Geely ၏ လျှပ်စစ်ကားစစ်စစ် brand ဖြစ်ပြီး ၂၀၂၂ တွင် မော်ဒယ်အသစ် ၂ ခု ထုတ်လုပ်သည်။ တရုတ်ပြည်တွင်း ဈေးကွက်မှာ ရောင်းချသည့်အပြင် အရှေ့ဥရောပနှင့် တောင်အမေရိက ဈေးကွက်များသို့လည်း တင်ပို့သည်။
၂၀၂၂ တွင် စီးရေ ၁၄၉,၃၈၉ ရောင်းချခဲ့သည်။


Livan (Geely Auto)

Geely ၏ ဘက်ထရီ အထုပ်လိုက် လဲသည့် battery-swap စနစ်သုံးသော အီးဗီ brand ဖြစ်ပြီး တရုတ်ပြည်တွင်း ဈေးကွက်မှာ စီးရေ ၅၆,၁၄၀ ရောင်းချခဲ့သည်။ ၂၀၂၂ သည် ပထမဆုံး ပွဲဦးထွက် စတင်ရောင်းချသည့်နှစ် ဖြစ်သည်။

 

Lynk & Co (Geely Auto)

Geely ၏ ပရီမီယံ brand တစ်ခု ဖြစ်သည်။ အင်ဂျင် ဘက်ထရီ ဟိုက်ဘရစ် မော်ဒယ်များ ထုတ်လုပ်သည်။ ကမ္ဘာ့ဈေးကွက်မှာ စီးရေ ၁၈၀,၁၂၇ ရောင်းချခဲ့သည်။ လစဉ်ကြေး ပေးသွင်းသည့် စနစ်ဖြင့် စီးသူဦးရေ ဥရောပတွင် ၂၀၂၂ မှာ ၁၈၀,၀၀၀ ကျော် ရရှိထားသည်။


ZEEKR (Geely Auto)

Geely Group ၏ အီးဗီ brand တစ်ခုဖြစ်ပြီး ၂၀၂၂ တွင် စတင်ရောင်းချခဲ့သည်။ ZEEKR 001 မော်ဒယ် ရောင်းအားကောင်းခဲ့သည်။

စီးရေ ၇၀,၀၀၀ ကျော် ရောင်းချခဲ့သည်။ ၂၀၂၃ တွင် ဥရောပ ဈေးကွက်များသို့ အရောင်းတိုးချဲ့မည်။ 


Lotus Cars

Lotus သည် အပြည်အဝ လျှပ်စစ်ကား ထုတ်လုပ်ခြင်းဆီသို့ ၂၀၂၂ တွင် ကူးပြောင်းခဲ့သည်။ Eletre SUV မော်ဒယ်ကို ထုတ်လုပ်ခဲ့သည်။ နာမည်ကြီး မော်ဒယ်ဖြစ်‌ပြီး ဓာတ်ဆီအင်ဂျင်ကားဖြစ်သော Emira ကို ၂၀၂၂ တွင် နောက်ဆုံးထုတ်လုပ်သည့်နှစ်အနေဖြင့် ထုတ်လုပ်ခဲ့သည်။ Geely က ရောင်းအားစီးရေ ထုတ်ပြန်ခြင်း မပြုပါ။

 

Volvo Cars

Lotus နည်းတူ လျှပ်စစ်ကားဆီသို့ ကူးပြောင်းသည်။ Volvo Cars သည် စီးရေ ၆၁၅,၁၂၁ ရောင်းချခဲ့ရာ အပြည့်အဝလျှပ်စစ်ကား ၁၀.၉% ပါဝင်သည်။

 

Polestar

Geely ၏ ဆွီဒင်မှ ပရီမီယံ လျှပ်စစ်ကား brand တစ်ခု ဖြစ်သည်။ ကမ္ဘာတစ်လွှား စီးရေ ၅၀,၀၀၀ ရောင်းချခဲ့သည်။ ၂၀၂၃ တွင် Polestar 3 SUV ထုတ်လုပ်မည်။ ၂၀၂၆ အထိ နှစ်စဉ် မော်ဒယ်အသစ်တစ်ခု ထုတ်လုပ်မည်။


smart

Mercedes နှင့် Geely တို့၏ ဖက်စပ်လုပ်ငန်းဖြစ်ပြီး ပထမဆုံးမော်ဒယ် အပြည့်အဝလျှပ်စစ်ကား SUV ကို smart #1 အမည်ဖြင့် ၂၀၂၂ စက်တင်ဘာလတွင် တရုတ်ပြည်တွင်းဈေးကွက်မှာ စတင်ထုတ်လုပ် ရောင်းချခဲ့သည်။ စီရေ ၁၀,၀၀၀ ကျော်ကို ဝယ်ယူသူများထံ ပေးအပ်ခဲ့သည်။ ၂၀၂၃ တွင် ဉရောပနှင့် အရှေ့တောင်အာရှ ဈေးကွက်များသို့ တိုးချဲ့မည်။ 


Farizon
Geely ၏  New Energy Commercial Vehicle Group လက်အောက်မှ brand ဖြစ်သည်။ လုပ်ငန်းသုံး လျှပ်စစ်ယာဉ်များ ထုတ်လုပ်ရန် ဦးတည်ချက် ထားရှိသည်။ “Homtruck” လျှပ်စစ်ထရပ်ကားကို ၂၀၂၄ တွင် ထုတ်လုပ်မည်။ 

 

LEVC

ဗြိတိသျှ လျှပ်စစ်တက္ကဆီနှင့် လျှပ်စစ်လုပ်ငန်းသုံးယာဉ် brand ဖြစ်ပြီး ၂၀၂၂ တွင် TX တက္ကဆီ နှင့် VN5 ဗင် မော်ဒယ်အသစ်များ ထုတ်လုပ်ခဲ့သည်။ 
Source electrek

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 389 times