မော်တော်ယာဉ်သုံး ဂြိုဟ်တုများ ကမ္ဘာပတ်လမ်းအနိမ့်သို့ Geely လွှတ်တင်


မော်တော်ယာဉ်သုံး ဂြိုဟ်တုများ ကမ္ဘာပတ်လမ်းအနိမ့်သို့ Geely လွှတ်တင်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်နိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကပိုင် ကားလုပ်ငန်း Geely ၏ မော်တော်ယာဉ်သုံး ဆက်သွယ်ရေး ဂြိုလ်တုများကို တရုတ် ဒုံးပျံတစ်စင်းက ကမ္ဘာပတ်လမ်းအနိမ့်သို့ ပို့ဆောင်ပေးခဲ့သည်။

 

Zhejiang Geely Holding Group Co, ၏ လက်အောက်ခံ လုပ်ငန်း Geespace မှ ထုတ်လုပ်သည့် ဂြိုဟ်တု ၁၁ လုံးကို Long March CZ-2C ဒုံးပျံဖြင့် စီချွမ်ပြည်နယ်ရှိ Xichang Satellite Launch Center မှ ဖေဖော်ဝါရီလ ၃ ရက် မနက်ပိုင်းတွင် လွှတ်တင်ခဲ့သည်။ 

ယခု အသုတ်သည် ဒုတိယအသုတ် ဖြစ်ပါသည်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ပထမအသုတ် ဂြိုဟ်တု ၉ လုံးကို လွှတ်တင်ခဲ့သည့် အကြောင်းကို AutomobileGuide တွင် တင်ပြခဲ့ပါသည်။

 


 

တရုတ်နိုင်ငံမှ Geely က ပင်ကိုမောင်းနှင်ကားများအတွက် ဂြိုဟ်တု ၉ လုံး လွှတ်တင်

https://www.automobiledirectory.com.mm/article/-geely-satellites-to-aid-self-driving-cars.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

Geespace သည် ကမ္ဘာမြေပြင်အထက် ၆၀၀  ကီလိုမီတာ (၃၇၃ မိုင်) အကွာတွင် ဂြိုလ်တုကွန်ရက်တစ်ခုကို ဖြန့်ကျက်ထားမည်ဖြစ်သည်။ ၎င်းကွန်ရက်မှ ဂြိုဟ်တုများက Geely ၏ ကားတိုင်းကို ဂြိုဟ်တုဆက်သွယ်ရေး ရရှိနေမည်ဖြစ်ပြီး ဂြိုဟ်တုဆက်သွယ်ရေးဖြင့် အထောက်အကူများ ရရှိနေမည်။ Geely ၏ မောင်းသူမဲ့ ကားများသည်လည်း ဂြိုဟ်တုဆက်သွယ်ရေးဖြင့် လိုအပ်သော အချက်အလက်များကို လိုအပ်သည့် အချိန်တိုင်းမှာ ရရှိနိုင်ကြမည် ဖြစ်သည်။ 

Geespace ၏ ဂြိုလ်တုဆက်သွယ်ရေးကို Zeekr 001 FR နှင့် 007 နှင့် Galaxy E8 အပါအဝင် Geely ၏ လျှပ်စစ်ကားများတွင် တရုတ်ပြည်မှာ ရရှိနေပြီ ဖြစ်သည်။ 

 

 

Geespace က ဂြိုလ်တုများ လွှတ်တင်ခဲ့ရာတွင် တသုတ်နှင့် တသုတ် ၁၈ လကျော် ကြာမြင့်ခဲ့သည်။

နောက်နှစ်တွင် ဂြိုဟ်တု ၇၂ လုံးပါသည့် ကွန်ရက်ပထမအဆင့် ပြီးမြောက်ရန် လျာထားပါသည်။

 

Geespace သည် တရုတ်နိုင်ငံ အရှေ့ပိုင်း Taizhou တွင် တစ်နှစ်လျှင် ဂြိုလ်တု အလုံး ၅၀၀ ထုတ်လုပ်နိုင်သော စက်ရုံတည်ဆောက်မှု ၂၀၂၁ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။

Geely အတွက်သာမက တရုတ်လုပ်ငန်းများ၊ တရုတ်တက္ကသိုလ်များနှင့် တရုတ်ဝယ်လက်များအတွက် ဂြိုဟ်တုများ ထုတ်လုပ်ပါသည်။

 

Geely သည် တရုတ်ပြည်တွင် နိုင်ငံပိုင်လုပ်ငန်း ၂ ခု ဖြစ်သည့် SAIC Motor Corp နှင့် Chery Automobile Co တို့ပြီးလျှင် တတိယ အကြီးမားဆုံး ကားလုပ်ငန်း ဖြစ်ပါသည်။

ပုဂ္ဂလိကပိုင်ကားလုပ်ငန်းအနေဖြင့် အကြီးမားဆုံး ကားလုပ်ငန်း ဖြစ်ပါသည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 390 times