အမှတ်တံဆိပ်အသစ် Geely Galaxy မော်ဒယ်အသစ် ၇ မျိုးနှင့် ရှေ့ပြေးပုံစံ ၁ မျိုး ပွဲထုတ်


Geely Galaxy မော်ဒယ်အသစ် ၇ မျိုးနှင့် ရှေ့ပြေးပုံစံ ၁ မျိုး ပွဲထုတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 
Geely Auto Group ၏  band အသစ်တစ်ခုဖြစ်သည့် Geely Galaxy သည် လာမည့် ၂ နှစ်အတွင်း ပလပ်ထိုး ဟိုက်ဘရစ် မော်ဒယ် ၄ မျိုးနှင့် လျှပ်စစ်ကားစစ်စစ် မော်ဒယ်လ် ၃ မျိုး တို့ ထုတ်လုပ်မည်။

 

 

ကားကုမ္ပဏီကြီး Geely Auto Group သည် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၂၃)ညက ကျီကျန် ပြည်နယ် ဟံကျိုမြို့တွင် ကျင်းပသည့်ပွဲ၌ အမှတ်တံဆိပ်အသစ်နှင့် စွမ်းအင်သစ်စျေးကွက်အတွက် ၎င်း၏ဗျူဟာကို မိတ်ဆက်ခဲ့သည်။

Geely Galaxy သည် ကမ္ဘာ့အဆင့်မီ စွမ်းအင်သစ် မော်တော်ယာဉ် ဗိသုကာလက်ရာများဖြင့် ဘေးကင်းသော၊ စမတ်ကျပြီး စိုးရိမ်စရာမရှိသော လျှပ်စစ်ကားများကို တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

 

အမှတ်တံဆိပ်အသစ်သည် L စီးရီးဖြင့် ပလပ်ထိုး ဟိုက်ဘရစ် မော်ဒယ်လေးခုနှင့် E စီးရီးဖြင့် လျှပ်စစ်စစ်စစ် မော်ဒယ်သုံးမျိုးအပါအဝင် စုစုပေါင်း မော်ဒယ်ခုနစ်ခုကို ၂၀၂၅ ခုနှစ်အထိ ကာလအတွင်းတွင် စတင်ရောင်းချရန် စီစဉ်ထားသည်။

 

 

 

Geely သည် အဆိုပါပွဲ၌ Geely Galaxy အမှတ်တံဆိပ်အောက်တွင် ပထမဆုံးထုတ်လုပ်မည့် Galaxy L7 SUV ကို ထုတ်ဖော်ပြသခဲ့သည်။ ယခုနှစ် ဒုတိယသုံးလပတ်တွင် စတင်ရောင်းချသွားမည်ဖြစ်သည်။

Geely Galaxy သည် ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် Galaxy L6 ကို စတင်ရောင်းချမည်ဖြစ်သည်။

Galaxy L5 ကို ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင်လည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် Galaxy L9 ကိုလည်းကောင်း စတင်ရောင်းချမည်ဖြစ်သည်။

လျှပ်စစ်ကားစစ်စစ်များ ထုတ်လုပ်မည့် အစီအစဉ်မှာ ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် Galaxy E8 ကို လည်းကောင်း၊ ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်တွင် Galaxy E7 ကို လည်းကောင်း၊ ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် Galaxy E6 ကို လည်းကောင်း စတင်ရောင်းချမည်ဖြစ်သည်။

Geely သည် ပရီမီယံအတန်းအစား လျှပ်စစ်ကားစစ်စစ်ဈေးကွက်အတွက် brand အဖြစ် Zeekr ကို ထုတ်လုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။ Geely Galaxy သည် သာမန်အတန်းအစား ဈေးကွက်အတွက် ရည်ရွယ်သည်။


Geely Auto Group ထီးရိပ်အောက်မှ brand တစ်ခုဖြစ်သော Geely သည် လက်ရှိတွင် စက်သုံးဆီ အင်ဂျင်သုံး ကားများ၏ အနိမ့်တန်းကို ချိန်ရွယ်ထားသည်။ 

Geely Auto Group ထီးရိပ်အောက်မှ နောက်ထပ် brand တစ်ခုဖြစ်သော Geometry သည် ခရီးတာ အနည်းနှင့် အလယ်အလတ် လျှပ်စစ်ကားစစ်စစ် ဈေးကွက်ကို ချိန်ရွယ်ထားသည်။

နောက်ထပ် brand တစ်ခုဖြစ်သည့် Lynk & Co ကို Geely Auto နှင့် Volvo Car တို့က ပူးတွဲ ပိုင်ဆိုင်သည်။ Lynk & Co သည် အလယ်အလတ်နှင့် အမြင့် အတန်းအစား ဟိုက်ဘရစ်နှင့် စက်သုံးဆီ အင်ဂျင်သုံး ကားများ ဈေးကွက်ကို ချိန်ရွယ်သည်။ 

နောက်ထပ် brand တစ်ခုဖြစ်သည့် Zeekr သည် ဆိုခဲ့ပြီးသည့်အတိုင်း လျှပ်စစ်ကား အမြင့်တန်း ဈေးကွက်ကို ချိန်ရွယ်သည်။

 

Geely Auto Group အမှုဆောင်အရာရှိချုပ် Gan Jiayue က ၂၀၂၃ ခုနှစ်အတွက် လုပ်ငန်းစု၏ ရောင်းအားရည်မှန်းချက်မှာ စွမ်းအင်သစ်မော်တော်ယာဉ် အစီးရေ ၆ သိန်း အပါအဝင် ကားအစီးရေ ၁.၆၅ သန်းဖြစ်ကြောင်း ပြီးခဲ့သည့်လ ဇန်နဝါရီလမှာ ပြောကြားခဲ့သည်။

Geely Auto Group သည် ၂၀၂၂ ခုနှစ်တွင် စွမ်းအင်သစ်မော်တော်ယာဉ် အစီးရေ ၃၃၀,၀၀၀ အပါအဝင်ကားအစီးရေ ၁.၄၃  သန်း ရောင်းချခဲ့ပါသည်။ ၂၀၂၁ ထက် ၈% ပိုများပါသည်။


 Geely Galaxy ၏ ပထမဆုံး ထုတ်လုပ်သည့် မော်ဒယ် Geely Galaxy L7 ကို ပွဲထုတ်ခဲ့ရာ၌ ဟိုက်ဘရစ် SUV အမျိုးအစားဖြစ်ပြီး အလျား 4,700 mm ၊ အကျယ် 1,905 mm ၊ အမြင့် 1,685 mm ၊ ခါးအလျား 2,785 mm ရှိသည်။
 

(Geely Galaxy L7)

သုညမှ ကီလိုမီတာ ၁၀၀ သို့ ၆.၉ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သည်။

ကြိုတင်အမှာစာ လက်ခံနေပြီ ဖြစ်သော်လည်း ဈေးနှုန်း မသတ်မှတ်ရသေးပါ။ ယွမ် ၂၀၀,၀၀၀ ($28,900) ဝန်းကျင်ဟု ဆိုသည်။

 

 

Geely သည် ကြီးမားသော coupe sedan ဖြစ်သည့် Galaxy Light ရှေ့ပြေးပုံစံကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

.Galaxy Light ကိုယ်ထည်ကို လေခွင်းအား အလွန်ကောင်းအောင် ဒီဇိုင်းထုတ်ထားသည်။
လေတိုက်ခြင်း ခုခံမှု မြှောက်ဖော်ကိန်းမှာ 0.19 ဟု အမှုဆောင်အရာရှိချုပ် Gan Jiayue က ပြောကြားသည်။
လက်ရှိတွင် အနည်းဆုံးမှာ Mercedes-Benz EQS sedan ဖြစ်ပြီး 0.20 ရှိသည်။
NIO ET7 နှင့် Tesla Model S Plaid တို့သည် 0.208 ရှိသည်။


Galaxy Light


Source CnEVPost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 363 times