ဖိလစ်ပိုင်မှာ ရောင်းအားတက်နေတဲ့ Geely ရဲ့ Coolray


ဖိလစ်ပိုင် ကားအသစ်ဈေးကွက်မှာ Geely အတွက် တရားဝင်ဖြန့်ချိသူအဖြစ် တာဝန်ယူလုပ်ကိုင်လျက် ရှိတဲ့ Sojitz G Auto Philippines (SGAP) က  ၂၀၂၁ ခုနှစ် ပထမ နှစ်ဝက်မှာ Geely စီးရေ ၂,၂၄၆ စီး ရောင်းချခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ ပြီးခဲ့တဲ့ နှစ် ပထမ နှစ်ဝက်နဲ့ နှိုင်းယှဉ်ရင် ရောင်းအား ၃၄၂% မြင့်တက်သွားတာ ဖြစ်တာမို့ သုံးဆခွဲနီးပါး ရောင်းအားတက်သွားတာ ဖြစ်ပါတယ်။ 
 Chamber of Automotive Manufacturers of the Philippines, Inc. (CAMPI) နဲ့ Association of Vehicle Importers and Distributors, Inc. (AVID) တို့မှ ထုတ်ပြန်ပေးတဲ့ အချက်အလက်များအရ ဖိလစ်ပိုင်ဈေးကွက်မှာ Geely ရောင်းအားက နဝမ နေရာကို ရောက်ရှိနေတာမို့ Top10 စာရင်းဝင်အဖြစ်သို့ ရောက်ရှိနေပါတယ်။ 

Geely ရဲ့ ကားအမျိုးမျိုးမှာ စန်းထနေတာ Coolray ဖြစ်ပြီး ယခုနှစ် ပထမနှစ်ဝက်မှာ စီးရေ ၁,၃၁၂ စီး ရောင်းချခဲ့တယ်။ ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်တုန်းက စီးရေ ၅၁၈ စီး ရောင်းချခဲ့ရပါတယ။ 
subcompact 4x2 sports utility vehicle (SUV) ကားတွေထဲမှာ Coolray က အရောင်းရဆုံးအဖြစ် ၆ လဆက်တိုက် သရဖူကို ဆက်ထိန်းထားဆဲ ဖြစ်ပါတယ်။ 

ဖိလစ်ပိုင်ကားဈေးကွက်မှာ အဓိကအားဖြင့် Coolray, Azkarra နဲ့ Okavango တို့ကို အရောင်းမြှင့်တင်လျက် ရှိပြီး အရောင်းကွန်ရက်ကိုလည်း မြန်မြန်ဆန်ဆန် ချဲ့ထွင်နေပါတယ်။ 

Source: zigwheels.ph


Geely Coolray မော်ဒယ်

Geely Coolray မော်ဒယ်ကို Dual-color ကိုယ်ထည်နှင့်အတူ Comfort ၊ Luxury နှင့် Sport ဆိုပြီး Trim Level သုံးမျိုးသုံးစား ထုတ်လုပ်ရောင်းချတယ်လို့ သိရပါတယ်။

Coolray က Geely ရဲ့  B-segment Modular Architecture (BMA) ပလက်ဖောင်းကို အသုံးပြုထားသော ပထမ ဦးဆုံးအဆင့်မြင့် SUV ကားဖြစ်ပါတယ်။
တောင့်တောင့်တင်းတင်း ဖြစ်စေဖို့ Coolray ကိုယ်ထည်တွင် ၇၀% High Strength Steel နှင့် ၂၀% Hot-formed Steel ပါဝင်တယ်။

Coolray မှာ  1.5TD အင်ဂျင်ကို အသုံးပြုထားပြီး 130kW ပါ၀ါနှင့် ရုန်းအား 255 N.m ကိုထုတ်ပေးနိုင်စွမ်းရှိသည်။အချိန် ၇.၉ စက္ကန့်အတွင်း ရပ်ထားရာမှ တစ်နာရီ ကီလိုမီတာ ၁၀၀ အထိ အရှိန်တက်ပေးနိုင်တဲ့ အင်ဂျင် ထိုင်ပေးထားတယ်လို့ ဆိုပါတယ်။ 

Automated Parking Assist (APA)၊ Blind Spot Detection (BSD)၊ ၃၆၀ ဒီဂရီကင်မရာ၊ Paddle shift ၊ မောင်းနှင်မှုပုံစံသုံးမျိုး (Normal, Eco and Sport)၊ , EPB နှင့် Auto Hold တို့ကို တပ်ဆင်ပေးထားတယ်။

မြန်မာဈေးကွက်ထဲမှ Geely

ကုန်သွယ်မှုဆိုင်ရာ မော်တော်ယာဉ်ကော်ပိုရေးရှင်းဖြစ်သော CDSG ၏ လက်အောက်ခံဖြစ်တဲ့ 

Premier Automotive Limited (PAL) နှင့် ပူးပေါင်း၍ Geely မြန်မာဈေးကွက်သို့ ဝင်ရောက်ခဲ့ပါတယ်။ 


Premier Automotive ကုမ္ပဏီမှ Geely Yangon Flagship Showroom မကြာခင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ အရောင်းခန်းမမှာ အလုံးစုံထောက်ပံ့မှု 4S Facilities (Sales, Service, Spare Parts, Shop for Body & Paint) နဲ့ ၀န်ဆောင်မှုပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 
တည်ရာလိပ်စာ
အမှတ် ၃ ၊ ၁၂ ရပ်ကွက် ၊ 
အင်းစိန်လမ်း ၊ 
လှိုင်မြို့နယ်၊ ရန်ကုန်မြို့
Yangon Hotline – 09 957788994
Mandalay Hotline – 09 957788995 


ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
Geely Auto သည်မြန်မာနိုင်ငံဈေးကွက်သို့ ၀င်ရောက်

Read 2585 times