၂ မိနစ် ကား ၁ စီး၊ ၁ နာရီ အစီး ၃၀ ထုတ်လုပ်နိုင်တဲ့ Geely ရဲ့ ကားစက်ရုံ


တရုတ်နိုင်ငံ Zhejiang မြို့မှာ တည်ဆောက်ထားတဲ့ Geely Auto ရဲ့ စက်ရုံသစ်မှာ ထုတ်လုပ်ရေးအပိုင်းမှာ အပြည့်အဝ အလိုအလျောက် ရိုဘော့အများအပြားဖြင့် ထောက်ကူထားပြီး ကွန်ရက် ဆက်သွယ်ချိတ်ဆက်ထားတယ်။
စက်ရုံမှာ စတုတ္ထမျိုးဆက် Geely Emgrand ကားမော်ဒယ်တစ်မျိုးတည်း ထုတ်လုပ်ပါတယ်။
ကားတပ်ဆင်တဲ့ ပလက်ဖောင်းက BMA platform ဖြစ်ပြီး Geely Emgrand က ကုမ္ပဏီရဲ့ အရောင်းရဆုံးကားမော်ဒယ် ဖြစ်ပါတယ်။

 

နောက်နောင်မှာ ထုတ်လုပ်ရေးလိုင်းတွေ ထပ်တိုးမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ Emgrand ထုတ်လုပ်ရေးလိုင်းနဲ့ စက်ရုံလည်ပတ်နေတာ ဖြစ်ပါတယ်။

 ကားတပ်ဆင်ဖို့ လိုအပ်တဲ့အစိတ်အပိုင်းတွေကို အပြည့်အဝအလိုအလျောက် လုပ်ကိုင်ပေးတဲ့ ရိုဘော့တွေက သယ်ပို့ပေးပါတယ်။
အဲဒီရိုဘော့တွေကို Automated Guided Vehicles (AGV) ဟု ခေါ်တွင်ပြီး စက်ရုံထဲ သီချင်းဆိုရင်း တာဝန်အရ သွားလာနေကြပါတယ်။ သူတို့ အနားမှာ ရောက်နေကြောင်း လူတွေ သိအောင် အသံပေးတဲ့အနေဖြင့် သီချင်းသည်းနေတာ ဖြစ်ပါတယ်။
AGV တွေက နေ့စဉ် အစိတ်အပိုင်း ၇,၀၀၀ အထိ နေရာအမျိုးမျိုးထံ ပို့ပေးကြပါတယ်။

 

ကားတစ်စီးဖြစ်လာအောင် ဂဟေစက်တာကအစ တပ်ဆင်တာအဆုံး အားလုံးနီးပါးကို ရိုဘော့လက်တံ အမျိုးမျိုးအဖုံဖုံကို အသုံးပြုထားပါတယ်။ 
 စက်ရုံမှာ အချိတ်ဆက်မိမိ အချိန်ကိုက်လုပ်ကိုင်နိုင်ကြဖို့အတွက် အလွန်မြန်ဆန်တဲ့  5G+ ကွန်ရက်ကို အသုံးပြုထားပါတယ်။
အစစအရာရာ အထစ်အငေါ့မရှိ  အချိတ်အဆက်မိမိ လုပ်ကိုင်ကြတဲ့အတွက် တစ်နာရီကို ကားအစီး ၃၀ ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။

တစ်မိနစ်ကို ၂ စီးကျ ထုတ်လုပ်နိုင်တာကြောင့်  Emgrand ဝယ်လိုအားကို အလျဉ်မီအောင် ထုတ်လုပ်ပေးနိုင်စေပါတယ်။

 

 

 

Read 11534 times