မလေးရှားမှာ ဒေါ်လာ ၁၀ ဘီလီယံဖြင့် အရှေ့တောင်အာရှအတွက် Geely ခြေကုပ်ယူ


မလေးရှားမှာ ဒေါ်လာ ၁၀ ဘီလီယံဖြင့် အရှေ့တောင်အာရှအတွက် Geely ခြေကုပ်ယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

မလေးရှားနိုင်ငံ ကားအမှတ်တံဆ်ပ် ပရိုတွန် Proton သည် Geely ၏ Smart အမှတ်တံဆိပ် အီးဗီကို မလေးရှားတွင် စတင်ရောင်းချပေးသည်။


တရုတ်မော်တော်ကားထုတ်လုပ်သူ ဂီလီသည် မလေးရှားတွင် ကန်ဒေါ်လာ ၁၀ ဘီလီယံရင်းနှီးမြုပ်နှံမှုဖြင့် အရှေ့တောင်အာရှ၏ လျှပ်စစ်ကားစျေးကွက်ထဲသုိ့ ဝင်ရောက်ပြီး ခြေကုပ်ရယူရန် မလေးရှားမှ Proton Holdings နှင့် ပူးပေါင်းထားသည်။

Smart Automobile, a joint venture between Geely နှင့် Mercedes-Benz Group ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်သည့် Smart Automobile ၏ အီးဗီအငယ်စားများကို မလေးရှားတွင် ပရိုတွန်က ရောင်းချပေးမည် ဖြစ်သည်။
ပရိုတွန်၏ လက်အောက်ခံ ကုမ္ပဏီက စက်တင်ဘာလတွင် ကြိုတင်အမှာစာများ စတင်လက်ခံခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ကားအပ်နှံမည် ဖြစ်သည်။

ယမန်နှစ်က ထိုင်းနှင့် မလေးရှားအတွက် Smart ကုိ တရားဝင် ဖြန့်ဖြူးသူအဖြစ် ပရိုတွန် လုပ်ကိုင်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။

ယခုနှစ် စက်တင်ဘာလတွင် မလေးရှားမှ ပရိုတွန် ကားစက်ရုံတွင် Smart အီးဗီ ထုတ်လုပ်ရန် သဘောတူညီမှု ရရှိခဲ့ကြသည်။ 

ပရိုတွန်တွင် ဂီလီက ၄၉.၉% ပိုင်ဆိုင်ထားသည်။ သို့ဖြစ်ရာ ပရိုတွန်မှတဆင့် အရှေ့တောင်အာရှ ဈေးကွက်သို့ ဂီလီ ထိုးဖောက်ဝင်ရောက်မည် ဖြစ်သည်။

ပရိုတွန်ကို မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်လက်ထက် ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ သူက မလေးရှားနိုင်ငံ ကားလုပ်ငန်း တစ်ခု ထူထောင်ထားလိုသည်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

စစချင်းတွင် Mitsubishi Motors က ပရိုတွန်မှာ ပါဝင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။ ရောင်းအား မကောင်းသဖြင့် ၂၀၀၄ ခုနှစ်တွင် မစ်စူဘီရှီ နုတ်ထွက်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မလေးရှား ကုမ္ပဏီစုကြီး DRB-Hicom က Proton ကို သိမ်းပိုက်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဂီလီက ပရိုတွန်တွင် ရှယ်ယာ ၄၉.၉% ဝယ်ယူခဲ့ရာ ကျန်သည့် ၅၀.၁% ကို DRB က ဆက်လက်ပိုင်ဆိုင်သည်။

ဂီလီက ပရိုတွန်ကို စီမံခန့်ခွဲမှုနှင့် နည်းပညာ အထောက်အကူ ပေးသည်။ 
ပရိုတွန်က SUV မော်ဒယ်တခု ထုတ်လုပ်ခဲ့ရာ မလေးရှားဈေးကွက်မှာ ပေါက်သွားသည်။ ပရိုတွန်၏ ဈေးကွက်ဝေစုသည် ၁၀% အောက်သာ ရှိခဲ့ရာမှ ၂၀% သို့ ရောက်ရှိသွားသည်။

DRB ၏ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍတွင် ပရိုတွန် ရောင်းအား အဓိကကျသည်။ သို့သော် အီးဗီ ထုတ်လုပ်နိုင်ခြင်း မရှိချေ။ ယခုနှစ် မေလမှာမှ ဟိုက်ဘရစ်မော်ဒယ်တစ်ခုကို ပထမဆုံးအနေဖြင့် ထုတ်လုပ်နိုင်ခဲ့သည်။ 
ယခုအခါ ဂီလီ၏ အကူအညီဖြင့် ၂၀၂၅ ခုနှစ်တွင် အီးဗီ စတင်ထုတ်လုပ်ရန် ရည်မှန်းထားသည်။ 


ယခင်က  Zhejiang Geely Holding Group အမည်ဖြင့် လုပ်ကိုင်ခဲ့သော ဂီလီသည် တရုတ်ပြည်တွင် Zeekr အပါအဝင် အမည်အမှတ်တံဆိပ် အမျိုးမျိုးဖြင့် အီးဗီများ ရောင်းချလျက် ရှိသည်။ Volvo Cars  အနေဖြင့်လည်း ထုတ်လုပ်ရောင်းချသည်။ စည်းစိမ် တန်းမြင့် အမှတ်တံဆိပ် Polestar ဖြင့်လည်း ရောင်းချသည်။

မကြာသေးခင်အထိ ဂီလီသည် အာရှတွင် တရုတ်နိုင်ငံမှာသာ အီးဗီ ရောင်းချသည်။ ယခုအခါ အရှေ့တောင်အာရှသို့ စတင်ဝင်ရောက်သည်။ ပရိုတွန်အမည်ဖြင့် ဈေးကွက်ကို ထိုးဖောက်မည် ဖြစ်သည်။ 
အရှေ့တောင်အာရှတွင် ပရိုတွန်သည် ထိပ်တန်း(၃) စာရင်းထဲ ပါဝင်ရန် ရည်မှန်းထားသည်။ 

မလေးရှားနိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်ရေး အချက်အချာဖြစ်သော Tanjung Malim ကို အဆင့်မြင့် မော်တော်ယာဉ် ထုတ်လုပ်ရေးအဖြစ်သို့ ရောပ်အောင် ဂီလီက မြှင့်တင်ပေးမည်ဟု ကတိပြုထားသည်။

ပရိုတွန်သည် ထိုင်းဈေးကွက်သို့ ဝင်ရောက်ရန်အတွက် ထိုင်းမှာ ကားတပ်ဆင်ထုတ်လုပ်သည့်စက်ရုံတရုံ တည်ဆောက်ရန် စဉ်းစားချင့်ချိန်နေသည်။ 

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2756 times