လမ်းပေါ် သွားလာနိုင်သော ကားပျံ GAC ပြသ


လမ်းပေါ် သွားလာနိုင်သော ကားပျံ GAC ပြသ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နိုင်ငံမှ GAC ၏ တစ်ယောက်စီး ယာဉ်ပျံသည် အလိုအလျောက် လုပ်ကိုင်သည်။

တရုတ်အစိုးရပိုင် ကားထုတ်လုပ်ရေးလုပ်ငန်း  Guangzhou Automobile Group (GAC) သည် တနင်္လာနေ့(ဇွန် ၂၇)တွင် လမ်းများပေါ်တွင်လည်း မောင်းနှင်နိုင်သည့် ပျံသန်းနိုင်သောကား စိတ်ကူးပုံစံ နမူနာကို ထုတ်ဖော်ပြသခဲ့သည်။

GOVE ဟု အမည်ပေးထားသော ကားပျံသည် တစ်ယောက်စီး အလိုအလျောက် ထိန်းကျောင်း ပျံသန်းသည့် ဒရုန်းဖြစ်ပြီး ပန်ကာ ၆ စုံ ပါသည်။ လမ်းများပေါ် မောင်းနှင်ရန် လေးဘီးတပ် ချာစီတစ်ခု ပါသည်။
ဒရုံးနှင့် ချာစီတို့သည် မပျံသန်းခင်မှာ တခြားစီ ဖြစ်သွားသည်။ ဒရုံးက လေထဲ ပျံတက်သွားသည်။ ချာစီက သတ်မှတ်ထားသည့် နေရာသို့ အလိုအလျောက် သွားရောက် ရပ်နားသည်။
ဒရုံးသည် သတ်မှတ်ထားသောနေရာတစ်ခုတွင် ရှိနေသော ချာစီအလွတ်ပေါ် ဆင်းသက်ပြီး တွဲဆက်လိုက်မည် ဖြစ်သည်။
အဝေးထိန်းစနစ်ပါသည့် အားပြန်သွင်းနိုင်သော ကိုယ်ထည်ချာစီများ GOVE သုံးစွဲသူများက မျှဝေသုံးစွဲကြမည် ဖြစ်သည်။

GOVE သည် GAC ၏ on-the-go, vertical-flight electric vehicle ကို ရည်ညွှန်းပါသည်။


 

 

 

ddd
 

Read 422 times