ထိုင်းမှာ ယာစတီယာရင် အီးဗီများ ထုတ်လုပ်မည်ဟု GAC ကြေညာ


ထိုင်းမှာ ယာစတီယာရင် အီးဗီများ ထုတ်လုပ်မည်ဟု GAC ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နိုင်ငံ၏ ထိပ်တန်းလျှပ်စစ်ကား  ထုတ်လုပ်သူ (၃) ဦးအနက်မှ တစ်ဦးဖြစ်သော Guangzhou Automobile Corp (GAC) က ထိုင်းနိုင်ငံတွင် ယာဘက်တွင် စတီယာရင် ထားရှိသည့် လျှပ်စစ်ကားများအတွက် ကမ္ဘာ့ ထုတ်လုပ်မှုဗဟိုချက်အဖြစ် ဖွံ့ဖြိုးတိုးတက်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

GAC မှ ထုတ်လုပ်သည့် နောက်ဆုံးထုတ် SUV မော်ဒယ် Aion Y Plus EV ကို ထိုင်းနိုင်ငံမှာ မိတ်ဆက်သည့်ပွဲတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
Aion Y Plus ဈေးနှုန်းမှာ ဘတ် ၁,၀၆၉,၉၀၀($29,900) မှ ၁,၂၉၉,၉၀၀ ($36,300 )အထိ ဖြစ်သည်။ 

 

 

GAC Aion New Energy Automobile ၏ မန်နေဂျင်းဒါရိုက်တာ Gu Hui Nan က ထိုင်းနိုင်ငံသည်  မော်တော်ယာဥ် ထုတ်လုပ်ရေးအတွက် အခြေခံအဆောက်အအုံ အဆင်သင့်ဖြစ်နေခြင်းကြောင့် GAC ၏ ပထမဆုံး နိုင်ငံတကာ ထုတ်လုပ်မှုအခြေစိုက်စခန်းအဖြစ် ရွေးချယ်ခဲ့ကြောင်း ပြောကြားသည်။


ထိုင်းနိုင်ငံ၏ အီးဗီစျေးကွက်သည် အရောင်းကိုယ်စားလှယ်များ၊ ဖြန့်ဖြူးသူများ၊ ဝန်ဆောင်မှုများနှင့် လုပ်သားအင်အားစုများသည် အီးဗီထုတ်လုပ်ရေး လုပ်ငန်းအသစ်တခု စတင်နိုင်ရန် အသင့်ရှိနေကြကြောင်း ၎င်းက ပြောကြားသည်။

GAC သည် ထိုင်းနိုင်ငံ၏ အရှေ့ စီးပွားရေးစင်္ကြံ Eastern Economic Corridor (EEC) တွင် မော်တော်ကားတပ်ဆင်ရေး စက်ရုံတည်ဆောက်ရန် ရည်ရွယ်ထားသည်။

စက်ရုံအတွက် မည်မျှ ရင်းနှီးမြုပ်နှံမည်ကို ပြောကြားခြင်း မရှိပေ။

စက်ရုံသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ပြီးစီးမည်ဖြစ်သည်။
၂၀၂၅ ခုနှစ် ဇွန်လတွင် ကားများထုတ်လုပ်ရန် အဆင်သင့်ဖြစ်လိမ့်မည်။

"ဒီစက်ရုံဟာ ယာစတီယာရင် အီးဗီထုတ်လုပ်ရေး ဗဟိုချက်ဖြစ်လာမှာဖြစ်ပြီး ကမ္ဘာတဝှမ်းက လက်ဝဲကပ်မောင်းစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေကို တင်ပို့သွားမှာပါ" ဟု Gu Hui Nan မှ ပြောကြားသည်။

GAC ၏ ထိုင်းလုပ်ငန်းခွဲ Aion Automobile Manufacturing (Thailand) မှ မန်နေဂျင်းဒါရိုက်တာ Ocean Maက AION သည် ထိုင်းနိုင်ငံရှိ အဓိကမြို့ကြီးများတွင် ၎င်း၏ အရောင်းကွန်ရက်များကို လျင်မြန်စွာ တိုးချဲ့သွားရန် စီစဉ်နေကြောင်း  ပြောကြားသည်။

Aion သည် အရောင်းဆိုင်ပေါင်း ၃၀ ဖွင့်လှစ်ပြီးဖြစ်သည်။ ယခုနှစ်ကုန်တွင် ကုမ္ပဏီသည် အရောင်းဆိုင်များနှင့် ဝန်ဆောင်မှုစင်တာပေါင်း ၅၀ ဆောက်လုပ်ပြီးစီးရန် မျှော်လင့်ထားသည်။
Ma သည် ယခုနှစ်ကုန်တွင် ထိုင်းနိုင်ငံတွင် Aion Y Plus ကားအစီးရေ ၃,၀၀၀ ရောင်းချရန် မျှော်လင့်ထားသည်။
GAC Group သည် တရုတ်မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်ပြီး ကားအစီးရေ ၂.၄ သန်းကျော် ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။
Source nationthailand 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1126 times