အင်ဒိုနီးရှား G-20 အစည်းအဝေးတွင် ဂျပန်ကားလုပ်ငန်းများက အီဗီများ  ပြသမည်


အင်ဒိုနီးရှား G-20 အစည်းအဝေးတွင် ဂျပန်ကားလုပ်ငန်းများက အီဗီများ  ပြသမည်

 

 ဂျပန်ကားထုတ်လုပ်‌ရေးလုပ်ငန်း ငါးခုတို့ သည် အင်ဒိုနီးရှားမှာ G20 ထိပ်သီးအစည်းအဝေး ကျင်းပသည့်ကာလမှာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင်  ၎င်းတို့၏ လျှပ်စစ်ကားများကို ပွဲထုတ်ပြသမည်ဖြစ်သည်။

Toyota Motor, Nissan Motor  Mitsubishi Motors, Mitsubishi Fuso Truck and Bus,  Isuzu Motors တို့က ပြိုင်ဘက် တောင်ကိုရီးယားနှင့် တရုတ်တို့၏ အီးဗီများကို အင်ဒိုနီးရှားကားဈေးကွက်တွင် အမီလိုက်ဖို့ ရည်ရွယ်ပါသည်။ အင်ဒိုနီးရှား ကားဈေးကွက်၏ အီးဗီ မဟုတ်သောကားများ အပိုင်းအကန့်ကို ဂျပန်ကား brand များက ကြီးစိုးထားသော်လည်း အီဗီဈေးကွက်အပိုင်းအကန့်တွင် နောက်ကျနေသည်။

ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် စွမ်းအင်သစ်မော်တော်ယာဉ်ကဏ္ဍတွင် နည်းပညာအမျိုးမျိုးကို လုပ်ဆောင်နေကြသည်။  

ဟိုက်ဒြိုဂျင်လောင်စာဆဲလ် လျှပ်စစ်မော်တော်ယာဉ်များ၊ ဘက်ထရီ လျှပ်စစ်မော်တော်ယာဉ်များ၊ အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်ကို အသက်ဆက်ပေးထားသည့် ဟိုက်ဘရစ်များ အစရှိသည်တို့ ဖွံ့ဖြိုးရေးကို လုပ်ကိုင်လျက်ရှိသည်။

ဘာလီတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် ဘက်ထရီအီးဗီနှင့် ပလပ်ထိုး ဟိုက်ဘရစ်တို့ကို ပွဲထုတ်ပြသမည် ဖြစ်သည်။

G-20 သမ္မတအဆင့် အစည်းအဝေးကို အင်ဒိုနီရှားက ယခု ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ဇူလိုင် ၇ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးများ၊ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးကျင်းပခဲ့သည်။ နိုဝင်ဘာလတွင် နိုင်ငံ့ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး ကျင်းပမည် ဖြစ်သည်။

အရှေ့တောင်အာရှတွင် အီးဗီများကို အဓိကအားဖြင့် တရုတ်နှင့် တောင်ကိုရီးယား မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများက အစပျိုးပေးခဲ့ကြသည်။ ယခုနှစ်တွင် အနည်းဆုံး ၃ နိုင်ငံတွင် အီးဗီထုတ်လုပ်မှု စတင်ကြမည် ဖြစ်သည်။ 

တောင်ကိုရီးယားမှ Hyundai Motor က အင်ဒိုနီးရှားတွင် အီးဗီစက်ရုံအသစ် တစ်ခု တည်ဆောက်ခဲ့ပြီး မတ်လတွင် စွမ်းအားပြည့် စတင်လည်ပတ်ခဲ့သည်။ 

တရုတ်နိုင်ငံမှ SAIC-GM-Wuling Automobile ကလည်း အင်ဒိုနီးရှားတွင် မီနီအီးဗီများကို ယခုနှစ်အတွင်း စတင်ထုတ်လုပ်မည်။

ဂျပန်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်သူများသည် လက်ရှိတွင် အရှေ့တောင်အာရှ မော်တော်ယာဉ် ရောင်းရစီးရေ စုစုပေါင်း၏ ၈၀% ကို ဈေးကွက်ဝေစု ရရှိထားသည်။ အီးဗီ အပိုင်းအကန့် နောက်ကျကျန်ရစ်သည်ကို အမီလိုက်ဖို့ ကြိုးပမ်းနေကြသည်ကို တွေ့ကြရသည်။ Toyota က ဂျပန်မှာ ထုတ်လုပ်သည့် အီးဗီများကို ထိုင်းဈေးကွက်ထဲသို့ ယခုနှစ်တွင် ရောင်းချမည့် အစီအစဉ် ရှိသည်။ ထိုင်းနိုင်ငံတွင် အီးဗီထုတ်လုပ်မှုကို ၂၀၂၄ တွင် စတင်ရန် လျာထားပါသည်။ 

#MyanmarAutomobileGuide

https://t.me/Guid4U

Source: kr-asia.com

Read 270 times