ထိုင်းနိုင်ငံဂုဏ်ဆောင် အီးဗီ Foxtron Model C


ထိုင်းနိုင်ငံဂုဏ်ဆောင် အီးဗီ Foxtron Model C

 

iPhone ပြုလုပ်သူ Foxconn နှင့် Yulon Motor ဖက်စပ်လုပ်ငန်းမှ Foxtron Model C ကို 2022 Bangkok International Motor Show (BIMS) မှာ ပြသခဲ့ပါတယ်။

Foxtron Model C ဟာ ၇ ယောက်စီး SUV ဖြစ်ပြီး Foxconn ရဲ့ MH မော်တော်ယာဉ် ဗိသုကာဖြင့် တည်ဆောက်ထားပါတယ်။ 
အလျား 4,640 mm ရှိပြီး အကျယ် 2,185 mm နှင့် အမြင့် 2,860 mm ရှိပါတယ်။ ရေ့နှင့်နောက်ဘီး ကြားအကွာအဝေး wheelbase က 2,860 mm ရှိပါတယ်။

Hyundai Ioniq 5 နှင့် အရွယ်အစား မတိမ်းမယိမ်း ဖြစ်ပါတယ်။

အရွယ်အစား နှိုင်းယှဉ်ချက်


 

ပါဝါ မြင်းကောင်ရေ 400 ရှိပြီး ရုန်းအား 700 Nm ရှိပါတယ်။ 0-100 km/h ကို 3.8 ဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။ ခရီးတာ 700 km အထိ သွားနိုင်ပါတယ်။

 Foxtron Model C ကို ၂၀၂၃ မှာ ထိုင်းပြည်တွင်းဈေးကွက်ထဲ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ 
 ထိုင်းနိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်း PTT နှင့် Foxxconn တို့ ထူထောင်ထားတဲ့ ဖက်စပ်လုပ်ငန်းက စက်ရုံထူထောင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 
 ထိုင်းနိုင်ငံပိုင်လုပ်ငန်းတစ်ခုက အဦးဆုံး ထုတ်လုပ်တဲ့ ထိုင်းအီးဗီ ဖြစ်လာမယ့် Foxtron Model C ကို စက်ရုံထူထောင်ထုတ်လုပ်ဖို့ ယမန်နှစ်က PTT နှင့် Foxxconn တို့ သဘောတူထားကြပြီးသား ဖြစ်ပါတယ်။ 
 ကန်ထရိုက်စနစ်ဖြင့် တာဝန်ယူထုတ်လုပ်ပေးမယ့် အဆိုပါကားစက်ရုံက တစ်နှစ်လျှင် လျှပ်စစ်မော်တော်ယာဉ် စီးရေ ၅၀,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ စက်ရုံကို တိုးချဲ့ဖို့ အစီအစဉ်အရ တစ်နှစ်လျှင် စီးရေ ၂၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်တဲ့ စက်ရုံ ဖြစ်လာမှာ ဖြစ်ပါတယ်။
 
wapcar

 

 

 

 

 

 

 

 

 

 

 

 

 

Read 4023 times