တာလီဘန်တို့ရဲ့ Ford Ranger


အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် စစ်သည်တွေ Ford Ranger ပစ်ကပ်ထရပ် အစီးများတာ သတင်းတွေမှာ တွေ့ရတယ်။ ပြည်တွင်းစစ်တွေမှာ Hilux ပစ်ကပ်ထရပ်ကို စစ်သုံးယာဉ်အဖြစ် အကြမ်းသုံးကြတာ များပေမဲ့ တာလီဘန်တွေက Ford Ranger ပေါ် လက်နက်ကြီး တင်ပြီး သွားလာနေကြတယ်။
တကယ်တော့ Ford Ranger ကို Hilux ထက် ပိုကြိုက်လို့ Ford Ranger ကို သုံးနေတယ်လို့ ဆိုတာထက် အာဖဂန်နစ္စတန်မှာ Ford Ranger တွေ တောင်ပုံရာပုံ ရှိနေလို့ သုံးစွဲနေကြတာ ဖြစ်ပါတယ်။

စစ်သုံးယာဉ်အဖြစ် ကိုယ်ရောင်ဖျောက်ဖို့ ကန္တရသဲအရောင် ဆေးမှုတ်ထားတဲ့ Ford Ranger အများအပြားတို့ကို အမေရိကန်စစ်တပ်က စွန့်လွှတ်ပစ်ခဲ့ကြတယ်။ 


ကန္တရသဲအရောင်အောက်ခံမှာ သစ်တောအုပ် အစိမ်းရောင် အပြောက်အမွှန်းတွေ တင်ပေးထားတဲ့ Ford Ranger အများအပြားတို့ဟာလည်း တာလီဘန်တို့ရဲ့ လက်ထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

 

 

အာဖဂန်ရဲတပ်ဖွဲ့နဲ့ အာဖဂန်စစ်တပ်တို့မှာလည်း  double-cab တွေရှိပါတယ်။ အဲဒီ Ford ပစ်ကပ် တွေလည်း တာလီဘန်တွေရဲ့ လက်ထဲ ရောက်ရှိနေပါပြီ။
စာရင်းများအရ ၂၀၁၂ ခုနှစ်နောက်ပိုင်း အမေရိကန် စစ်တပ်မှ အာဖဂန်နစ္စတန်သို့ ယူဆောင်တဲ့ Ford Ranger စီးရေ ၄၀, ၇၃၀ တို့ ယခုအခါ တာလီဘန်တို့ရဲ့ လက်ထဲ အားလုံးနီးပါး ရောက်ရှိနေပြီလို့ ယူဆရပါတယ်။
 
 double-cab Blue Oval ပစ်ကပ်တွေက လမ်းကြမ်းမောင်းဖို့ ပြုပြင်မွမ်းမံထားတယ်။ 2.2-litre turbo diesel အင်ဂျင် တပ်ပေးထားတဲ့ လေးဘီးယက် ပစ်ကပ်တွေ ဖြစ်ပါတယ်။
ရှေ့နဲ့ နောက်မှာ အသားထူထူ စတီးဘန်ပါတွေ တပ်ဆင်ထားတယ်။ မြေမျက်နှာပြင် အမျိုးမျိုးအတွက် အကြမ်းခံတဲ့အပြင် ကုတ်အားကောင်းတဲ့ တာယာတွေ ဘီးလေးဘီးမှာ တပ်ပေးထားတယ်။ တာယာဘေးသားတွေက ကျောက်နံရံ မျက်နှာပြင်နဲ့ ပွတ်တိုက်ရင် အပွန်းခံနိုင်တယ်။ ဂီယာက လက်ထိုး ဂီယာ ၆ ချက် ဖြစ်ပါတယ်။ ကားခေါင်း ခေါင်မိုးမှာ လက်နက်ကြီး အတွက် အထိုင်ပါတယ်။ တာလီဘန်တို့ အတွက် ရေကန်အသင့် ကြာအသင့်ပါပဲ။

အခုလို စစ်သုံးယာဉ် အဖြစ် ထုတ်လုပ်ထားတဲ့ Ford Ranger တွေကို အမေရိကန် စစ်တပ်က မဖျက်ဆီးပစ်တဲ့အတွက် တာလီဘန်တွေ လက်ထဲ အကောင်းအတိုင်း ရောက်ရှိသွားတာအတွက် ပူပန်စရာ မလိုဘူးလို့ ယူဆကြပါတယ်။ ဘာလို့လဲဆိုတော့ တာလီဘန်တို့ရဲ့ Ranger တပ်တော်ကြီးက ကြာကြာခံမှာ မဟုတ်ဘူး။ ယာဉ်အပိုပစ္စည်းတွေ ပေါပေါများများ မရှိတာကြောင့် ပျက်ရင် ပြင်လို့ ရမှာ မဟုတ်ဘူး။ 

.Ford Ranger တွေ မောင်းမရတော့ရင် Hilux ပစ်ကပ်တွေ နေရာရမလား ရမယ်မထင်ဘူးလို့ သုံးသပ်ကြတယ်။
တရုတ်သံခင်းတမန်ခင်းက တာလီဘန်အစိုးရနဲ့ ပုလဲနံပသင့်ဖို့ စည်းရုံးရေးဆင်းနေတယ်။ အာဖဂန်နစ္စတန်က စစ်ရေးအရ တရုတ်နိုင်ငံအတွက် အရေးမပါပေမဲ့ စက်မှုကုန်ကြမ်း သယံဇာတတွေက စိတ်ဝက်စားစရာ ဖြစ်နေတယ်။ ဒီတော့ အဆင်ချောသွားခဲ့ရင် တရြတ်ပစ်ကပ်တွေက Ford Ranger တွေအစား နေရာဝင်ယူလိမ့်မယ်။
 

Read 2050 times