ဘက်ထရီကိစ္စအတွက် Ford Motor စီအီးအို တောင်ကိုရီးယားသို့ သွားရောက်တွေ့ဆုံဆွေးနွေး


ဘက်ထရီကိစ္စအတွက် Ford Motor စီအီးအို တောင်ကိုရီးယားသို့ သွားရောက်တွေ့ဆုံဆွေးနွေး


.
အမှုဆောင်အရာရှိချုပ် Jim Farley အပါအဝင် Ford Motor ၏ စီမံခန့်ခွဲမှုအဖွဲ့ သည် SK On နှင့် LG Energy Solution (LGES) တို့မှ ထိပ်တန်းအမှုဆောင်များနှင့် တွေ့ဆုံ‌ဆွေးနွေးရန် တောင်ကိုရီးယားသို့ သွားရောက်သည်။

Ford Motor ၏ စီမံခန့်ခွဲမှုအဖွဲ့သည် LGES အမှုဆောင်အရာရှိချုပ် Kwon Young-soo နှင့် SK On Executive Vice Chairman Chey Jae-won တို့ကို  တွေ့ဆုံခြင်း၊ အီးဗီဘက်ထရီများ ထုတ်လုပ်သည့် SK On နှင့် LG Energy Solution (LGES) တို့၏ စက်ရုံများကို Ford စီအီးအို လှည့်လည်ကြည်ရှုခဲ့ခြင်းတို့ ခရီးစဉ်၏ အစီအစဉ်တွင် ပါဝင်ပါသည်။ 


LGES သည် E-Transit နှင့် Mustang Mach-E SUV အတွက် ဘက်ထရီများ ပေးသွင်းသည်။
SK On သည် Ford F-150 Lightning လျှပ်စစ်ပစ်ကပ်ထရပ်ကားနှင့် E-Transit လျှပ်စစ်ဗင်အတွက် အီးဗီ ဘက်ထရီများ ပေးသွင်းပါသည်။
.
Ford, SK On နှင့် EcoPro BM တို့သည် အမေရိကန်တွင် ဘက်ထရီအတွက် ကက်သုတ် cathode ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံ တစ်ရုံ ထူထောင်လုပ်ကိုင်ရန် letter of intent ကို ဇူလိုင်လတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုနှစ်ကုန်တွင် စာချုပ် ချုပ်ဆိုကြပြီး နောက်နှစ် ဒုတိယနှစ်ဝက်တွင် စက်ရုံစတင် တည်ဆောက်ရန် လျာထားသည်။ ထို့အတွက် တောင်ကိုရီးယားတွင် Ford Motor ၏ စီမံခန့်ခွဲမှုအဖွဲ့သည် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ပါသည်။
.


အဆိုပါ ကက်သုတ်စက်ရုံတည်ဆောက်မှု ပြီးသည့်အခါ စက်ရုံမှ ထုတ်လုပ်သော ကက်သုတ်ပစ္စည်းများကို SK On နှင့် Ford တို့အကြား ဖက်စပ်ပူးပေါင်းဆောင်ရွက်သည့် BlueOval SK သို့ ပေးသွင်းမည်ဖြစ်သည်။
BlueOval SK ဖက်စပ်လုပ်ငန်းသည်  တင်နက်စီနှင့် ကင်တပ်ကီ ပြည်နယ်တို့တွင် တည်ရှိသော အီးဗီစက်ရုံများကို ၂၀၂၅ တွင် စတင်လည်ပတ်ရန် လျာထားပါသည်။
Source koreatimes
#MyanmarAutomobileGuide 
To join Telegram Channel  https://t.me/Guid4U

Read 264 times