ကုန်ကျစရိတ် ဒေါ်လာ ၁ ဘီလီယံ ပိုမိုကုန်ကျမည်ဟု Ford Motor ပြောကြား


ကုန်ကျစရိတ် ဒေါ်လာ ၁ ဘီလီယံ ပိုမိုကုန်ကျမည်ဟု Ford Motor ပြောကြား

 

Ford Motor သည် ငွေကြေးဖောင်းပွမှုနှင့် ပစ္စည်းပေးသွင်းမှုကွင်းဆက်ပြဿနာများကြောင့် တတိယသုံးလပတ်အတွင်း ကုန်ကျစရိတ် ဒေါ်လာ ၁ ဘီလီယံ ပိုမိုကုန်ကျရန် မျှော်လင့်ထားကြောင်း ရင်းနှီးမြှုပ်နှံသူများကို ပြောကြားခဲ့သည်။

 

ပစ္စည်း မရသည့်ပြဿနာများသည် အကြမ်းဖျင်းအားဖြင့် ကားအစီးရေ ၄၀,၀၀၀ မှ ၄၅,၀၀၀ အထိ တို့မှာ အစိတ်အပိုင်းများ မလုံမလောက် ဖြစ်ခဲ့ပြီး အဓိကအားဖြင့် အမြတ်အစွန်း များများစားစား ရရှိသည့် ပစ်ကပ်ထရပ်ကားများနှင့် SUV ကားများ ပစ္စည်း မပြည့်စုံသေးသဖြင့် စောင့်ဆိုင်းနေရခြင်းကြောင့် အရောင်းကိုယ်စားလှယ်များထံ မရောက်ရှိနိုင်ခဲ့ကြောင်း Ford မှ ပြောကြားခဲ့ပါသည်။

ကုမ္ပဏီသည်  မပြီးမပြတ်‌သေးသည့် မော်တော်ယာဉ်များကို စတုတ္ထသုံးလပတ်တွင်အရောင်းကိုယ်စားလှယ်များထံ အပြီးအစီး ပေးပို့နိုင်ရန် မျှော်လင့်ထားသည်။

 


Ford သည် မကြာသေးမီက ပစ္စည်းပေးသွင်းသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာ၌ ငွေကြေးဖောင်းပွမှုကြောင်း ပေးသွင်းသူများကို ပစ္စည်းဖိုး ပေးချေရမည့် ကုန်ကျစရိတ်သည် မူလမျှော်မှန်းထားသည်ထက် ဒေါ်လာ ၁ ဘီလီယံခန့် ပိုမိုမြင့်မားလာမည်ဟု အသိပေးပြောကြားခဲ့ပါသည်။
 

Source CNBC

#MyanmarAutomobileGuide 

To join Telegram Channel  https://t.me/Guid4U

Read 289 times