ဂန္ထဝင် Ford Galaxie ရောင်းဖို့ စင်ဒေါ်လာ ၁၄၈,၀၀o ဈေးခေါ်ထား


၁၉၆၄ ခုနှစ်ထုတ်လုပ်တဲ့ ဂန္ထဝင် American Ford Galaxie  တံခါးနှစ်ပေါက်ကား၊ ယာစတီယာရင် ကို စင်ကာပူမှာ ရောင်းဖို့ စင်ကာပူဒေါ်လာ ၁၄၈,၀၀၀ ဖြင့် ဈေးခေါ်ထားပါတယ်။ 

စင်ကာပူမှာ မော်တော်ယာဉ် မှတ်ပုံတင်ခဲ့တဲ့ ရက်စွဲက ၁၉၆၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် ဖြစ်ပါတယ်။  ကျယ်ကျယ်ဝန်းဝန်း ရှည်ရှည်လျားလျားကားရဲ့ ပုံတွေကို Facebook  မှာ တင်ပြပေးထားပါတယ်။ 

Galaxie 500 XL ရဲ့ အရွယ်အစားကို သာမန်ပုံမှန်ကားတွေထက် ၃၀% ပိုကြီးမားတယ်။ 
1.3-litre Honda Fit ရဲ့ အလျားက ၃.၉ မီတာ၊ အကျယ် ၁.၇ မီတာ ရှိပါတယ်။ 
Galaxie 500 XL က အလျား ၅.၃ မီတာ၊ အကျယ် ၂.၁ မီတာ ရှိပါတယ်။ မီနီဘတ်စ်တစ်စီးစာလောက် နေရာယူပါတယ်။ 
Toyota Alphard  က အလျား ၅ မီတာ၊ အကျယ် ၁.၉ မီတာ ရှိပါတယ်။ ဒီတော့ Galaxie 500 XL က Toyota Alphard  ထက်လည်း ပိုကြီးမားပါတယ်။ 

Ford Galaxie မှာ 5.8-litre  အင်ဂျင်ထိုင်ပေးထားပြီး ဆီစားသက်သာဖို့ ထည့်မစဉ်းစားထားဘူး။ အဲဒီ ခေတ်အခါက ရေနံစိမ်း ဈေးတက်တဲ့ အကျပ်အတည်း မပေါ်ပေါက်သေးလို့ ဆီစား သက်သာဖို့ကို ထည့်မစဉ်းစားကြဘူး။ ဒီတော့ ဆီအုပ်မှာ သေချာတယ်။ 

 Ford ရဲ့ ထိပ်တန်းမော်ဒယ် အရွယ်ပြည့် ကားတွေကို Galaxie လို့ အမည်တပ်ပြီး ရောင်းချခဲ့တယ်။  XL က  "Xtra Lively" ကို ဆိုလိုပါတယ်။ extra larger ကို မဆိုလိုပါဘူး။ 

ဓာတ်ပုံတွေထဲမှာ ပြသထားတာ ကားအတွင်းပိုင်းကလည်း ကျေနပ်စရာ အလွန်ကောင်းပါတယ်။ 

 

 

 

Read 1626 times