ထိုင်းနိုင်ငံထုတ် Ford ရဲ့ Everest PPV များ နိုင်ငံ ၁၀၀ ကျော်သို့ တင်ပို့ရန် အသင့်ဖြစ်


ထိုင်းနိုင်ငံထုတ် Ford ရဲ့ Everest PPV များ နိုင်ငံ ၁၀၀ ကျော်သို့ တင်ပို့ရန် အသင့်ဖြစ်

 

ထိုင်းနိုင်ငံ ရရောင်း Rayong. ပြည်နယ်ရှိ AutoAlliance Thailand ၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်သော Ford ၏ Everest PPV (Pickup Passenger Vehicle)  အသစ်များ ပထမအသုတ်သည် ထိုင်းဝယ်လက်များနှင့် ကမ္ဘာတစ်လွှားရှိ ပြည်ပဈေးကွက် ၁၀၀ ကျော်သို့ ပေးပို့ရန် အသင့်ဖြစ်ကြောင်း Ford Thailand ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။ 

Ford Thailand ရဲ့ သတင်းထုတ်ပြန်ချက်မှာ ထိုင်းဝယ်လက်များအနက် ပထမဆုံးအုပ်စုမှ မှာကြားထားသူများထံ  Everest PPV ကို တစင်ပေးပို့နေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

"Everest အသစ်ကို ထိုင်းမှ ကားဝယ်သူများ သဘောကျကြပြီး အော်ဒါများ အဆက်မပြတ် စီးဝင်နေပါတယ်။ ဖောက်သည်များသည် Ford မှ အင်ဂျင်နီယာဆိုင်ရာ အတွေ့အကြုံကောင်းများကို ရယူပိုင်ဆိုင်မည်ဖြစ်ကြောင်းကို  ယုံကြည်စိတ်ချပါတယ်" လို့ Ford Thailand မန်နေးဂျင်း ဒါရိုက်တာ Wichit Wongwatthanakan က ပြောကြားပါတယ်။ 

Everest  PPV ကို ဘတ် 1,334,000 မှ 1,854,000 ဘတ်အထိ ဈေးနှုန်းများဖြင့် အမျိုးအစား လေးမျိုး ထုတ်လုပ်ထားပါတယ်။

#MyanmarAutomobileGuide

Telegram Channel  https://t.me/Guid4U

Source: bangkokpost

Read 7019 times