မော်တော်ယာဉ်သုံး ဒရုံး Ford မူပိုင်ခွင့် ရယူ


မော်တော်ယာဉ်သုံး ဒရုံး Ford မူပိုင်ခွင့် ရယူ

 

 


ယာဉ်မောင်းသူအတွက် ရှေ့ပြေးကင်းထောက်လုပ်မယ့် ဒရုံးတစ်မျိုးကို Ford က မူပိုင်ခွင့် ရယူပါတယ်။
အလိုအလျောက် ထိန်းကျောင်းမောင်းနှင်မယ့် ဒရုံးအမျိုးအစားဖြစ်ပါတယ်။ လမ်း‌‌ေကာင်း‌ေကာင်း မရှိတဲ့နေရာမျိုးမှာ မောင်းနှင်ရတဲ့အခါ ဒရုံးက မြေပြင်အနေအထားကို မှတ်တမ်းယူပြီး ကားထံသို့ စဉ်ဆက်မပြတ် ပို့ပေးနေမှာ ဖြစ်ပါတယ်။ ကားသွားဖို့ အသင့်တော်ဆုံး လမ်းကြောင်းကို ရှာဖွေဖို့ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။

ယခင်လည်း၂၀၁၉ ခုနှစ်မှာ ကားနောက်ဘက်မှ လိုက်ပါတဲ့ ဒရုံးကို Ford က မူပိုင်ခွင့် မှတ်ပုံတင်ဖူးပါတယ်။ 

ယခုအခါ ဒရုံးကို ကားနှင့် တွဲဘက်ပေးပြီး ဒရုံးအကူအညီဖြင့် ကားက လမ်းမရှိတဲ့ တောလမ်းလို နေရာမျိုးတွေမှာ မောင်းသူမဲ့ ပင်ကိုယ်မောင်းနှင်စွမ်းရည်ဖြင့် မောင်းနှင်နိုင်ဖို့ Ford Motor Co က သုတေသန လုပ်ဆောင်နေပါတယ်။

Read 3379 times