ချစ်ပ်မရသဖြင့် Ford ကား ငါးသောင်းကျော် စက်ရုံဝင်းထဲ ရပ်ထားရ


ချစ်ပ်မရသဖြင့် Ford ကား ငါးသောင်းကျော် စက်ရုံဝင်းထဲ ရပ်ထားရဆဲ

ရှေးယခင်က ကားတစ်စီးမှာ ချစ်ပ် နှစ်ဒါဇင်ဝန်းကျင်သာ သုံးစွဲခဲ့ပါတယ်။ ယခုအခါခေတ်ပေါ်ကားတွေမှာ မိုက်ခရိုချစ်ပ် ၃,၀၀၀ ‌ကျော်အထိ သုံးစွဲထားပါတယ်။ ကားထုတ်လုပ်မှုကဏ္ဍ လိုအပ်တဲ့ ချစ်ပ်အမျိုးအစားအလိုက် လုံလောက်တဲ့အရေအတွက်ကို ချစ်ပ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေက ထုတ်ပေးနိုင်စွမ်း မရှိတာကြောင့် ကားထုတ်လုပ်တဲ့ လုပ်ငန်းများမှာ ချစ်ပ်အလုံအလောက် အချိန်မီ မရတဲ့ ပြဿနာ ကြီးမားနေပါတယ်။ 

အချို့ ကားထုတ်လုပ်ရေး လုပ်ငန်းတွေက ကားတွေကို လိုအပ်တဲ့ ချစ်ပ်ရဖို့ စက်ရုံကို ရက်ပိုင်းအားဖြင့် ယာယီပိတ်ထားပြီး စောင့်ကြပါတယ်။

တချို့ကားထုတ်လုပ်ရေး စက်ရုံတွေက ရသမျှချစ်ပ်များဖြင့် ကား‌ေတွကို ထုတ်လုပ်ပြီး စက်ရုံဝင်းထဲမှာ ရပ်ထားကာ ချစ်ပ်ရမယ့် အချိန်ကို စောင့်တယ်။ လိုနေတဲ့ ချစ်ပ်အမျိုးအစားများ လက်ခံရရှိတဲ့အခါ တပ်ဆင်ပေးပြီး ထုတ်လုပ်မှုကို အပြီးသတ်ပေးလိုက်ကြပါတယ်။

လိုနေတဲ့ချစ်ပ်အမျိုးအစားများက အရမ်းအရေးကြီးတဲ့ ချစ်ပ် မဟုတ်ဘူးဆိုရင် ချစ်ပ်ရဖို့ ဆက်စောင့်မနေတော့ဘဲ ကားကို ဈေးကွက်ထဲ ပေးပို့လိုက်ပါတယ်။

Ford  ကလည်း ကားတွေ အရင်ထုတ်လုပ်ထားပြီး ချစ်ပ်တွေ ရောက်အလာ စောင့်တဲ့နည်းကို အသုံးပြုပါတယ်။  ၂၀၂၁ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပြီး ကားဝင်းထဲမှာ ချစ်ပ်တွေ လိုနေသေးတဲ့ကားတွေ ရပ်ထားပြီး စောင့်ဆိုင်းရတာ ကားစီးရေ ၆၀,၀၀၀ ကျော်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ၅ လပိုင်းတွင် ချစ်ပ်စောင့်နေသော Ford ကားအသစ်ကျပ်ချွတ်များ

 

ယခုအခါ တစ်နှစ်ကျော်လာချိန်မှလည်း စီးရေ ၅ သောင်းကျော် ရှိနေတယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ ငွေစာရင်းရှင်းတမ်းမှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီရဲ့ ဘဣာရေးမှူးချုပ် John Lawler က Ford လက်ထဲမှာ မပြီးပြတ်သေးတဲ့ ထုတ်လုပ်ပြီးသား ကားစီးရေ ၅၃,၀၀၀ ခန့် ရှိနေဆဲ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။ 
ချစ်ပ် ပေးသွင်းမှု အလုံအလောက် မရရှိသဖြင့် အစိတ်အပိုင်းအချို့ တပ်ဆင်ပေးဖို့ စောင့်ဆိုင်းနေရတာဖြစ်ကြောင်း John Lawler က ပြောကြားပါတယ်။

စောင့်ဆိုင်းနေရတဲ့ ကားမော်ဒယ်များထဲတွင်  F-Series နှင့် Explorer မော်ဒယ်များ ပါဝင်ကြောင်း ၎င်းက အသိပေးပြောကြားပါတယ်။
 

မကြာသေးခင်ကမှ Ford က အမြတ်အများဆုံး ရရှိတဲ့ မော်ဒယ်များကို ဦးစားပေး ထုတ်လုပ်မယ့် အစီအစဉ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ 

 Ford အဖို့ အမြတ်အများဆုံးရရှိတဲ့ မော်ဒယ်များက  F-150,  Explorer, Mustang Mach-E တို့ ဖြစ်ပါတယ်။

Read 29873 times