ပစ်ကပ်နှင့် ဘက်ထရီ ထုတ်လုပ်ရန် ဒေါ်လာ ၅.၆ ဘီလီယံ စက်ရုံ Ford စတင်ဆောက်လုပ်


ပစ်ကပ်နှင့် ဘက်ထရီ ထုတ်လုပ်ရန် ဒေါ်လာ ၅.၆ ဘီလီယံ စက်ရုံ Ford စတင်ဆောက်လုပ်

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

စက်ရုံအသစ်များကို တင်နက်ဆီပြည်နယ် စတန်တင်ရှိ Blue Oval City မှာ Ford က စတင်ဆောက်လုပ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

 

'Blue Oval ဘဲဥပြာ' က Ford ရဲ့ အပြာရောင်နောက်ခံ ဘဲဥပုံ တံဆိပ်ကို ရည်ညွှန်းပြောဆိုကြတဲ့ အမည်နာမ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံ သုံးစွဲမယ့် Blue Oval City မှာ ပစ်ကပ်များနှင့် အီးဗီ ဘက်ထရီများကို ၂၀၂၅မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပြီး ဘက်ထရီကို တောင်ကိုရီးယားမှ SK On နှင့် ဖက်စပ်လုပ်ကိုင်ပါတယ်။ 

Blue Oval City ပြီးစီးပါက စက်ရုံဝင်းက ခြောက်စတုရန်းမိုင် အကျယ်အဝန်း ရှိမှာ ဖြစ်ပါတယ်။

စက်ရုံတွေ စတင်လည်ပတ်တဲ့အခါ တိုက်ရိုက်နှင့် သွယ်ဝိုက် အလုပ်အကိုင်များ ရရှိကြမှာ ဖြစ်လို့ Blue Oval City စီမံကိန်းအတွက် တင်နက်ဆီပြည်နယ်အစိုးရက ကန်ဒေါ်လာ ၈၈၄ သန်း ထောက်ပံ့ပါတယ်။ သွယ်ဝိုက်သောအားဖြင့် အလုပ်အကိုင် ၂၁,၀၀၀ အထိ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။


Ford CEO Jim Farley ကို  F-150 Lightning နှင့်အတူတွေ့ရစဉ်

စက်ရုံမှာ လက်ရှိ F-150 Lightning နှင့် မတူသည့် နောက်မျိုးဆက် F-Series "လျှပ်စစ် ပစ်ကပ်" ကို တည်ဆောက်မည်ဖြစ်ကြောင်း Ford CEO Jim Farley က ဧပြီလတွင် ပြောကြားခဲ့ပါတယ်။

Ford က  ၂၀၂၆ တွင် ကမ္ဘာတစ်လွှားရှိ Ford ရဲ့ စက်ရုံများမှာ တစ်နှစ်လျှင် လျှပ်စစ်ကားအစီးရေ နှစ်သန်း ထုတ်လုပ်ရန် ရည်မှန်းထားပါတယ်။ 


Ford က ယခုနှစ်အတွင်း လုပ်ငန်းကို လျှပ်စစ်ကားများ ထုတ်လုပ်မယ့် Model e နှင့် အင်ဂျင်ကားများ (ဘက်ထရီ အင်ဂျင် နှစ်မျိုးစပ် ဟိုက်ဘရစ် အပါအဝင်) ထုတ်လုပ်မယ့် Ford Blue ဆိုပြီး ကဏ္ဍနှစ်ရပ် တသီးတခြားစီ ခွဲခြားခဲ့ပါတယ်။ 

Source foxbusiness

#MyanmarAutomobileGuide 

To join Telegram Channel  https://t.me/Guid4U

 

အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

 

Read 488 times