အမေရိကန် အီးဗီ Fisker တရုတ်ပြည်မှာ ပထမဆုံး အရောင်းပြခန်း ဖွင့်မည်


အမေရိကန် အီးဗီ Fisker တရုတ်ပြည်မှာ ပထမဆုံး အရောင်းပြခန်း ဖွင့်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်နိုင်ငံတွင် အီးဗီလုပ်ငန်းကဏ္ဍ  အရှိန်အဟုန်ဖြင့် ကြီးထွားလာနေပြီး အီးဗီများသာ ထုတ်လုပ်သည့် ပြည်ပအမှတ်တံဆိပ်ဟူ၍ Tesla သာ ရှိခဲ့ရာမှ Fisker သည် ဒုတိယမြောက် ပြည်ပအမှတ်တံဆိပ် ဖြစ်လာမည် ဖြစ်သည်။

"နိုင်ငံခြား အီးဗီစစ်စစ် အမှတ်တံဆိပ် နှစ်ခုထဲက တစ်ခုအဖြစ် ကျွန်တော်တို့ အနေအထား ရယူလိုပါတယ်"ဟု Fisker ဥက္ကဋ္ဌနှင့် စီအီးအို Henrik Fisker က ပြောကြားသည်။

အမေရိကန်မှ အီးဗီလုပ်ငန်း Fisker သည် တရုတ်ပြည်တွင် ပထမဆုံး အရောင်းပြခန်းကို ယခုနှစ်ကုန် သို့မဟုတ် နောက်နှစ် နှစ်ဆန်းတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်။
Fisker သည် ကမ္ဘာ့အကြီးဆုံး အီးဗီဈေးကွက်ထဲသို့ ဝင်ရောက်ရန် လွန်ခဲ့သည့် ၄ လကတည်းက ဘီးစလှိမ့်ခဲ့သည်။
တရုတ်ပြည်အတွက် ပထမဆုံး Fisker Lounge အရောင်းပြခန်း ဖြစ်လာမည့် Shanghai Fisker Lounge ကို ရှန်ဟိုင်းမြို့တွင် ဖွင့်လှစ်မည်ဟု ကြေညာချက် ထုတ်ပြန်သည်။

Fisker မှ ထုတ်လုပ်သည့် Ocean SUV ကို အမေရိကန်နှင့် ဥရောပတို့တွင် ရောင်းချလျက်ရှိပြီး နောက်နှစ်တွင် တရုတ်ပြည်မှာလည်း ရောင်းချမည် ဖြစ်သည်။ 

Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1113 times