ဥရောပတွင် စျေးသက်သာသော Firefly အီးဗီများ Nio ရောင်းချမည် 


ဥရောပတွင် စျေးသက်သာသော Firefly အီးဗီများ Nio ရောင်းချမည် 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Nio သည် ၎င်း၏ စျေးသက်သာသော Firefly အမှတ်တံဆိပ် အီးဗီများကို ဥရောပတွင် ၂၀၂၅ ခုနှစ်မှာ စတင်ရောင်းချတော့မည်ဖြစ်ကြောင်း ကုမ္ပဏီ အကြီးအကဲ Lihong Qin က အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

နီယို၏ ကားအမှတ်တံဆိပ်များ ဖြစ်သည့် Firefly နှင့် Alps ၂ မျိုးစလုံးသည် မိသားစု စီးရန် ရည်ရွယ်ထားပြီး Firefly က အရွယ်အစား ပိုငယ်သည့် မော်ဒယ်များကို ထုတ်လုပ်မည် ဖြစ်သည်ဟု Lihong Qin က ပြောကြားသည်။
၎င်းအမှတ်တံဆိပ် မော်ဒယ်များသည် နီယို မော်ဒယ်များထက် ဈေးသက်သာမည်ဟုသာ အသိပေးပြီး ဈေးနှုန်းအတိုင်းအတာကို ပြောကြားခြင်း မပြုပါ။


Nio အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော မော်ဒယ်များသည် ပရီမီယံ ဈေးအမြင့်တန်းမှာ ရောင်းချလျက်ရှိပြီး ပရီမီယံကားများသာ ထုတ်လုပ်သည့် BMW နှင့် Mercedes-Benz တို့၏ မော်ဒယ်များကို ယှဉ်ပြိုင်လျက် ရှိသည်။ ဈေးနှုန်း ယွမ် ၂၉၈,၀၀၀ ($42,000) အထက်မှာ ရှိသည့် ဈေးအမြင့်တန်း ဖြစ်သည်။

Nio သည် ၂၀၂၁ ဩဂုတ်လတွင် ဈေးသက်သာသည့် အီးဗီများ ထုတ်လုပ်မည်ဖြစ်ပြီး Alps အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်မည်ဟု ပြောကြားခဲ့သည်။

၂၀၂၃ ဇန်နဝါရီလတွင် Qin က Alps အပြင် နောက်ထပ် အမှတ်တံဆိပ် Firefly ဖြင့်လည်း ဈေးသက်သာသည့် အီးဗီများ ထုတ်လုပ်မည်ဟု ပြောကြားခဲ့သည်။ Firefly ကို ဥရောပဈေးကွက်အတွက် ဦးတည်ချက်ထားရှိသည်ဟု ၎င်းက ပြောကြားသည်။ 

ဈေးနှုန်း အတိုင်းအတာကို ၎င်းက မပြောကြားသော်လည်း Alps သည် ယွမ် ၂ သိန်း ($28,130) - ၃ သိန်း အတန်းအစား ဖြစ်မည်ဟု ယူဆရသည်။ Firefly သည် ယွမ် ၂ သိန်းအောက် အတန်းအစား ဖြစ်မည်ဟု ယူဆရသည်ဟု မီဒီယာများတွင် ခန့်မှန်းရေးသားကြသည်။ 

Firefly မော်ဒယ်များ ထုတ်လုပ်ရန်အတွက် နီယို၏ စတုတ္ထမြောက်စက်ရုံကို အန်းဟွေးပြည်နယ် ချူကျိုမြို့တွင် တည်ဆောက်မည်ဟု Cailian မီဒီယာက သတင်းဖော်ပြသည်။

Source Reuters, Cailian

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 942 times