ကားနံပါတ် FF9 ကို ရင်းဂစ် ၉၀၉,၉၉၉ ဈေးပေးခဲ့သော်လည်း လေလံမအောင်


ကားနံပါတ် FF9 ကို ရင်းဂစ် ၉၀၉,၉၉၉ ဈေးပေးခဲ့သော်လည်း လေလံမအောင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မလေးရှားမှ အမျိုးသမီးလုပ်ငန်းရှင် Ivon Wong က ကားနံပါတ် FF9 ကို ရင်းဂစ် ၉၀၉,၉၉၉ (ကန်ဒေါ်လာ ၁၉၈,၀၀၀) ဖြင့် ဈေးပေးခဲ့သော်လည်း လေလံမအောင်ခဲ့ပါ။

မလေးရှား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (၇၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကားနံပါတ် FF အက္ခရာလုံးထပ်စီးရီးကို အထူးသီးသန့် လေလံတင်ခဲ့ခြင်း ဖြစ်ပါသည်။
သယ်ယူပို့ဆောင်ရေးဝန်ကြီး Anthony Loke က အထူး "FF" နံပါတ်ပြားစီးရီးသည် စံချိန်တင်ဝင်ငွေ ရင်းဂစ် ၃၄,၂၉၆,၃၂၇ ရရှိခဲ့ကြောင်း ပြောကြားပါသည်။

“FF စီးရီးဟာ အရမ်းလူကြိုက်များပါတယ်။  အက္ခရာလုံးထပ် ကားနံပါတ်တွေကို လူတွေက အရမ်းစိတ်ဝင်စားနေကြလို့ ခေတ်ရေစီးကြောင်း တစ်ခု ဖြစ်နေတယ်။ Ferrari အိမ်စီးပြိုင်ကား ပိုင်ရှင်တွေကလည်း FF ကို အထူးတလည် စိတ်ဝင်စားကြပါတယ်" ဟု Loke က ပြောကြားသည်။
"အမှန်တကယ်တော့ မေလ ၁၈ ရက်မှာ ပိတ်မယ့် လေလံဆွဲတဲ့ လုပ်ငန်းစဉ်ဟာ နောက်ဆုံးမိနစ်မှာ တင်ဒါတင်သွင်းသူ များပြားတာကြောင့် ၂၄ နာရီ ထပ်တိုးပေးပြီး ၁၉ ရက်ကျမှ လေလံပိတ်ခဲ့ရပါတယ်" ဟု ၎င်းက ပြောကြားသည်။

ကားနံပါတ် FF9 ထက် ကြေးပိုမြင့်ခဲ့သည့် ကားနံပါတ်မှာ FF8 ဖြစ်ပြီး လေလံပွဲတွင် ကြေးအကြီးဆုံး ဖြစ်ခဲ့ပါသည်။ ရင်းဂစ် ၉၅၀,၀၀၀ ဖြင့် လေလံဆွဲသွားပါသည်။ 
FF9 ကို ရင်းဂစ် ၉၁၁,၉၉၉ ဖြင့် လေလံဆွဲသွားပါသည်။

အသက် ၃၅ နှစ်အရွယ် Ms Wong က အခြားသူတစ်ဦးမှ သူမ ပေးသည့်ဈေးထက် ရင်းဂစ် ၂,၀၀၀ ပိုပေးပြီး ရင်းဂစ် ၉၁၁,၉၉၉ ဖြင့် လေလံအောင်သွားသောကြောင့် မေလ ၁၉ ရက် အွန်လိုင်းလေလံပိတ်ချိန်တွင် FF9 ကို သူမ မရလိုက်ကြောင်း ရှင်းပြပါသည်။

Ms Wong သည် မလေးရှားတွင် အောင်မြင်ကျော်ကြားသည့် အွန်လိုင်း ဩဇာရှင် influencer တစ်ဦး ဖြစ်ပါသည်။
"လူတွေက ကျွန်မကို မေးကြတယ်။ အဲဒီနံပါတ်ပြားကို ဘာလို့ လေလံဆွဲရတာလဲတဲ့"

လွန်ခဲ့သော သုံးနှစ်က သေဆုံးသွားခဲ့သော Fei Fei အမည်ရှိ သူမ အရမ်းချစ်သည့်ခွေးကို သတ်တရဖြင့် FF အက္ခရာလုံးထပ်ကို လေလံဝင်ဆွဲခဲ့ခြင်းဖြစ်ကြောင်း သူမက ရှင်းပြသည်။ 

" ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတဲ့အခါ၊ အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ Fei Fei က ကျွန်မကို ဆီးကြိုဖို့ အမြဲစောင့်နေခဲ့တယ်" ဟု သူမက ပြောပြသည်။ Fei Fei သည် သူမအတွက် သစ္စာရှိသော အဖော်တစ်ဦးဖြစ်သည်ဟု Ms Wong က ပြောကြားသည်။

9 ဂဏန်းကို သူမ လိုချင်ရသည်မှာ သူမ၏ အခြား ကားနှစ်စီး ဖြစ်သည့် McLaren 720S တစ်စီးနှင့် Mercedes တို့၏ ကားနံပါတ်များမှာ 9 ဖြစ်နေသဖြင့် နံပါတ်အတူတူ ဖြစ်အောင် 9 ကို လိုချင်ရခြင်းဖြစ်ကြောင်း သူမက ပြောပြသည်။

Ms Wong သည် လက်လီအရောင်းနှင့် အလှကုန်ပစ္စည်းလိုင်းတွင် လုပ်ကိုင်နေသူ ဖြစ်သည်။

FF9 နံပါတ်ပြားကို မရလိုက်သည့်အတွက် စိတ်မကောင်း မဖြစ်ကြောင်း Ms Wong က ပြောကြားသည်။
“ကျွန်မက ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်ရတဲ့ မိသားစုဖြစ်ပြီး အလွန်စည်းလုံးတဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့ရသူပါ" ဟု သူမက ပြောကြားသည်။
ငယ်စဉ်အသက်အရွယ်မှ  အစောပိုင်းအတွေ့အကြုံများကြောင့်  ဇွဲလုံ့လ၊ ကြိုးစားအားထုတ်မှုနှင့် လုပ်ရည်ကြံရည်တို့ကို သူမ တန်ဖိုးထားတတ်ခဲ့ကြောင်း Ms Wong က ပြောကြားသည်။

စိတ်ကျန်းမာရေးကို အသိပညာပေးရန်အတွက် သူမ၏ ပလက်ဖောင်းကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
Source straitstimes 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 197 times