နှစ်နှစ်စာ ရောင်းချထားပြီး ဖြစ်တဲ့ Ferrari အိမ်စီးပြိုင်ကား မော်ဒယ်အသစ်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အီတလီ အိမ်စီးပြိုင်ကား ထုတ်လုပ်သူ ဖာရာရီရဲ့ ဖာရာရီ ပူရိုစန်ဂွေ Ferrari Purosangue ကို ကြိုတင်အမှာစာ စာရင်းပေးသွင်းသူများထံ မပေးပို့ရသေးပေမဲ့ ရောင်းအား တအားကောင်းပါတယ်။ ဖာရာရီအတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။
Ferrari Purosangue ၂ နှစ်စာ ထုတ်လုပ်စီးရေကို ကြိုတင်ရောင်းချထားပြီးပြီ ဖြစ်ပါတယ်။
Purosangue မှာ 6.5-liter V12 အင်ဂျင် တပ်ဆင်ထားပြီး ပါဝါ 715 hp နှင့် ရုန်းအား 716 Nm အထိ ထုတ်ပေးနိုင်ပါတယ်။ ၄ ဘီးယက်၊ ဂီယာ ၈ ချက် ဖြစ်ပါတယ်။ 0-62 mph (100 km/h) ကို ၃.၃ ဖြင့် အရှိန်ဆွဲတင်ပေးပါတယ်။
မိသားစု အတူစီးနိုင်တဲ့ အိမ်စီးပြိုင်ကားဖြစ်ပြီး နောက်ထိုင်ခုံတံခါးတွေက suicide door လို့ ခေါ်ဝေါ်ကြတဲ့ ပတ္တာကို ရှေ့ခြမ်းမှာ မတပ်ဘဲ နောက်ခြမ်းမှာ တပ်ထားတဲ့ တံခါးကို သုံးထားလို့ နောက်ထိုင်ခုံကို အလွယ်ဖြင့် ဝင်ထိုင်လို့ ရနေစေပါတယ်။ ကားအဆင်းအတက် လွယ်ကူစေပါတယ်။
နောက်နှစ်များမှာ Ferrari က Purosangue ကို အင်ဂျင် V6, V8 နှင့် ဟိုက်ဘရစ် မော်ဒယ်များ ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။
ယူကေမှာ Ferrari Purosangue အခြေခံမော်ဒယ် ရောင်းဈေး ဗြိတိသျှပေါင် ၃၁၃,၁၂၀($386,922) သတ်မှတ်ပါတယ်။
နှိုင်းယှဉ်ကြည့်ရင် Lamborghini Urus ရောင်းဈေး ပေါင် ၁၇၇,၀၀၀($218,718) ဖြစ်ပြီး Aston Martin DBX ရောင်းဈေး ပေါင် ၁၆၀,၀၀၀ ($197,712) ဖြစ်ပါတယ်။
Source carscoops