ကားပြိုင်ပွဲဝင် ပြိုင်ကား Ferrari ဒုတိယ အများဆုံး လေလံကြေး ရရှိ


ကားပြိုင်ပွဲဝင် ပြိုင်ကား Ferrari ဒုတိယ အများဆုံး လေလံကြေး ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ကားပြိုင်ပွဲဝင် ပြိုင်ကား  1962 Ferrari 250 GTO ကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ Sotheby’s လေလံလုပ်ငန်းက တာဝန်ယူပြီး နိုဝင်ဘာလ ၁၃ ရက်တွင် လေလံတင်ခဲ့သည်။
လေလံကြေး ကန်ဒေါ်လာ ၅၁.၇ သန်းဖြင့် လေလံအောင်သွားသည်။
ကားလေလံသမိုင်းတွင် လေလံကြေး ဒုတိယအများဆုံးဖြစ်သည်ဟု Sotheby’s က ပြောကြားသည်။


အနီတောက်တောက် roadster ကိုယ်ထည်အမျိုးအစား ပြိုင်ကားသည် အမေရိကန်မှ ကားများကို ရင်းနှီးမြှုပ်နှံပြီး ငွေပြန်ဖော်သည့် ကားစုဆောင်းသူ တဦးက ၃၈ နှစ်တိုင်တိုင် အုထားပြီးမှ လေလံတင်ခဲ့ခြင်း ဖြစ်သည်။ 

Sotheby’s က လေလံအောင်ခဲ့သူ၏ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုပါ။

Ferrari 250 GTO ကို လေလံကြေး ကန်ဒေါ်လာ သန်း ၆၀ အထက် ရရှိမည်ဟု မျှော်မှန်းထားခဲ့သော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ဘဲ ကန်ဒေါ်လာ သန်း ၆၀ အောက်ဖြင့်သာ လေလံပွဲ အဆုံးသတ်ခဲ့ပါသည်။

အစဉ်အလာ ကြီးမားသည့် Scuderia Ferrari မှ ၁၉၆၂ ခုနှစ်တွင် ၎င်း Ferrari 250 GTO ကို ထုတ်လုပ်ပေးခဲ့ပါသည်။

Scuderia Ferrari S.p.A. သည် အီတလီမှ စည်းစိမ် အိမ်စီးပြိုင်ကားထုတ်လုပ်သူ Ferrari ၏ပြိုင်ကားဌာနခွဲ ဖြစ်ပြီး ကားပြိုင်သည့် အဖွဲ့သည် Formula One ကားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ပါသည်။

၎င်း Ferrari 250 GTO ၏ ချာစီနံပါတ်မှာ ၃၇၆၅ ဖြစ်ပြီး 4.0 litre အင်ဂျင် တပ်ဆင်ထားသည်။ မြင်းကောင်ရေ ၃၉၀ အထိ ပါဝါထုတ်ပေးနိုင်သည်။ ဂျာမနီမှ Nurburgring ပြိုင်ကားကွင်းတွင် ကျင်းပသည့် ကီလိုမီတာ ၁,၀၀၀ ကားပြိုင်ပွဲတွင် ဒုတိယ ရဖူးသည်။ 
24 Hours of Le Mans ကားပြိုင်ပွဲတွင်လည်း ဝင်ပြိုင်ခဲ့ရာ အင်ဂျင် ဗွေဖောက်သဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။  


အီတလီမှ ကားပြိုင်ပွဲများနှင့် စစ္စလီမှ ကားပြိုင်ပွဲများတွင် နှစ်အတန်ကြာ ယှဉ်ပြိုင်ခဲ့ပြီးသည့်နောက်တွင် ၎င်း Ferrari 250 GTO ကို ရောင်းချခဲ့ရာ အမေရိကန်မှ ဝယ်လက်တဦးက ဝယ်ယူခဲ့သဖြင့် အမေရိကန်သို့ ရောက်ရှိလာခဲ့သည်။
၎င်း Ferrari 250 GTO 250 GTO ကို ပြုပြင်မွမ်းမံပြီး ပြန်ရောင်းချခဲ့သည်။ အရောင်းအဝယ် အကြိမ်ကြိမ် ရှိခဲ့ပြီး နောက်ဆုံးတွင် ယခုလေလံတင်သည့်သူ လက်ထဲသို့ ၁၉၈၅ ခုနှစ်တွင် ရောက်ရှိခဲ့ပါသည်။

လေလံကြေး အများဆုံး ရရှိသည့် စံချိန်ရှင်မှာ Mercedes 300 SLR Uhlenhaut Coupe ဖြစ်ပြီး လေလံကြေး ယူရို ၁၃၅ သန်း ( ကန်ဒေါ်လာ ၁၄၄ သန်း) ရရှိခဲ့ပါသည်။

Source khmertimeskh 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 312 times