အသစ်နှင့် တစ်ပတ်ရစ် ကားပြပွဲ FAST Auto Show Thailand ဇူလိုင်လဆန်းတွင် ကျင်းပမည်


အသစ်နှင့် တစ်ပတ်ရစ် ကားပြပွဲ FAST Auto Show Thailand ဇူလိုင်လဆန်းတွင် ကျင်းပမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကားအသစ်များနှင့် တစ်ပတ်ရစ်ကားများ ပြသသည့် FAST Auto Show Thailand ကို ယခုနှစ်အတွက် ဇူလိုင် ၅ ရက်မှ ၉ ရက်အထိ ကျင်းပမည်။ BITEC (Bangkok International Trade and Exhibition Centre) တွင် ပြသမည်။

ယခုနှစ်ပြပွဲ ထူးခြားချက်မှာ လျှပ်စစ်ကားများ ခင်းကျင်းပြသရန် သီးသန့်ဧရိယာတစ်ခု ပါဝင်မည် ဖြစ်သည်။

ပြပွဲစီစဉ်သူ Pattanadesh Asasappakij က ပြပွဲအတွက် စုစုပေါင်းဧရိယာသည် ၁၅,၀၀၀ စတုရန်းမီတာအစား ၂၀,၀၀၀ စတုရန်းမီတာသို့  တိုးမြှင့်ထားပြီး ကားအသစ်များနှင့် လျှပ်စစ်ကားများအပြင် လျှပ်စစ်ကားများကိုပါ ပြသမည်ဟု ပြောကြားသည်။
"အသစ်နှင့် ကားဟောင်းများအပြင် ယခုနှစ်မှာ MG၊ Great Wall Motor၊ NETA နှင့် BYD တို့မှ မော်တော်ကားများ ပါ၀င်ပြသမယ့် EV Zone တစ်ခု ထပ်တိုးထားပါတယ်" ဟု ၎င်းက ပြောသည်။
“ဒီနှစ်ကတော့ EV Zone ပါလာတာ ပထမဆုံးနှစ်ပါ။ ဒါက ကားရောင်းရုံသာမက အီးဗီ တွေရဲ့ ဆင့်ကဲတိုးတက် ပြောင်းလဲနေတဲ့ဖြစ်စဉ်နဲ့ အီးဗီကားအမျိုးအစားရဲ့ အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး ကားသုံးစွဲသူတွေ သိစေဖို့အတွက်လည်း ရည်ရွယ်ပါတယ်" 

Honda, Toyota, Isuzu, Mazda, Mitsubishi, MG, Subaru, Volvo တို့က မော်ဒယ်အသစ်များ ပြသမည်ဖြစ်ပြီး အရောင်းမြှင့်တင်ရေး အစီအစဉ်များလည်း ပါဝင်သည်။

 တစ်ပတ်ရစ်ကား ရောင်းဝယ်ရေး လုပ်ငန်း ရှစ်ခု ပါဝင်ပြသမည်။ ပြသသည့်ကားများလုံး ယာဉ် ကြံ့ခိုင်ရေး စစ်ဆေးပြီးသားဖြစ်သည်။

ကားကို အရစ်ကျ ဝယ်ယူလိုသူများအတွက် Krungsri Auto က အထူးချေးငွေ အစီအစဉ် ဝန်ဆောင်မှု ပေးအပ်မည်။ ချေးငွေ အတည်ပြုချက် ၁၅ မိနစ်ဖြင့်ရမည်။ ၈၄ လ အရစ်ကျအစီအစဉ်ဖြင့် ချေးငွေ ရယူနိုင်မည်။ Meguiar ၏ ကားထိန်းသိမ်းစောင့်ရှောက်မှု ထုတ်ကုန်များနှင့် Starbucks လက်ဆောင်ကတ်များ ရရှိနိုင်သည်။

နောက်ဆုံးနေ့တွင် ဘတ် ၁ သိန်းတန် ရွှေဆွဲကြိုးပါ၀င်သည့် ဆုကြီးတစ်ဆုလည်း ပါဝင်သည်။

Source Bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 492 times