လျှပ်စစ်သုံးယာဉ်အတွက် Exemption Code အသိပေးကြေညာ


လျှပ်စစ်သုံးယာဉ်အတွက် Exemption Code အသိပေးကြေညာ


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ ကြေညာချက်အမှတ် ( ၂၀ /၂၀၂၂ )

 

ရက်စွဲ။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်

 

ကြေညာလွှာတင်သွင်းသူများ သိရှိနိုင်ပါရန်

 

၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၀ /၂၀၂၂ ဖြင့် ထုတ်ပြန်ကြေညာချက်အရ လျှပ်စစ်သုံးယာဉ်များအသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up_CBU စနစ်Completely Knocked Down_CKD နှင့် Semi-Knocked Down_SKD စနစ်တို့ဖြင့် တင်သွင်းလာသည့် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်သုံးယာဉ် (Battery Electric Vehicle _ BEV ) အမျိုးအစားများ အပေါ်တွင် ကောက်ခံလျက်ရှိသော အကောက်ခွန်နှုန်းထားများအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်သွားမည် ဖြစ်ပါသည်။

 

၂။ အမိန့်ကြော်ငြာစာပါ Battery Electric Vehicle - BEV အမျိုးအစားများမှာ- 

 

(က) လမ်းပေါ်တွင် မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ် Road tractor for Semi-trailer)

 

(ခ) ယာဉ်မောင်းအပါအဝင် (၁၀)ဦး သို့မဟုတ်(၁၀)ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဉ် 

(Bus) (Motor Vehicles for the transport of ten or more person including the driver)

 

(ဂ) ကုန်တင်ယာဉ် (Truck) (ဃ) လူစီးယာဉ်

(Motor Vehicles for the transport of person)

 

(င) သုံးဘီးတပ်ယာဉ် (လူစီး) 

(Three-wheeled vehicles for transport of person)၊ 

 

(စ) သုံးဘီးတပ်ယာဉ် (ကုန်တင်) (Three-wheeled vehicles for transport of Goods)

 

(ဆ) လူစီး နှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ် 

(Electric Motorcycle)၊

 

(ဇ) လူစီး နှစ်ဘီးတပ် လျှပ်စစ်စက်ဘီး 

(Electric Bicycle)၊

 

(ဈ) လူနာတင်ယာဉ် 

(Ambulances)၊

 

(ည) ထောင်ကား 

(Prison Vans)

 

(ဋ ) နိဗ္ဗာန်ယာဉ် 

(Hearses)၊

 

(ဌ) အပိုဒ်ခွဲ (က) မှ (ဋ)ထိပါ လျှပ်စစ်သုံးယာဉ်များနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်ပါရှိသည့် လျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ် ပစ္စည်းများ (ဥပမာ- အားသွင်းရုံဆိုင်ရာပစ္စည်းများ၊ အားသွင်းစနစ်ဆိုင်ရာပစ္စည်းများ)နှင့် စက်မှုဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် ထောက်ခံချက်ပါရှိသည့် ပူးတွဲစာရင်းပါလျှပ်စစ်သုံးယာဉ်များ၏ အပို ပစ္စည်း (Spare Part) များ ။

 

၃။ အထက်ဖော်ပြပါ ကုန်ပစ္စည်းများ တင်သွင်းလာပါက MACCS စနစ်၌ ကြေညာလွှာတင်သွင်းရာတွင် မြန်မာ့ အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် ပါရှိသည့် HS CODE များအလိုက် အကောက်ခွန်နှုန်း သုညရာခိုင်နှုန်း လျော့ချ ခံစားနိုင်စေရန်အတွက် အောက်ဖော်ပြပါ Exemption Code ကို အသုံးပြု၍ အမိန့်ကြော်ငြာစာပါ သတ်မှတ်ကာလအတွင်း ကင်းလွတ်ခွင့်ရယူနိုင်ပါသည်

 

EBVD- EXEMPTION-BATTERY EV(MINISTRY)

 

၄။ ယခုကြေညာချက်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက MACCS ဌာနခွဲ၏ Help Desk Section (ဖုန်း 01-379429)၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

အကောက်ခွန်ဦးစီးဌာန

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 317 times