အီးဗီ တက္ကဆီကို ဦးတည်ထားသည့်  EVme Plus Co


အီးဗီ တက္ကဆီကို ဦးတည်ထားသည့်  EVme Plus Co

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


EVme Plus Co သည် နိုင်ငံပိုင် ကုမ္ပဏီစုကြီး PTT Plc လက်အောက်မှ လုပ်ငန်းတစ်ခု ဖြစ်ပြီး အီးဗီများ ရောင်းချရန် ထူထောင်ထားသည့် ကုမ္ပဏီ ဖြစ်သည်။ 
ထိုင်းနိုင်ငံတွင် အီးဗီများ ရေပန်းစားလာနေသည်။ သို့သော် အိမ်စီးကား အဖြစ် ဝယ်ယူကြသည်က အများစု ဖြစ်သည်။ EVme Plus Co  က အီးဗီများကို တက္ကဆီပြေးဆွဲသူများထံ ရောင်းချဖို့  ဦးတည်ချက် ထားရှိသည်။ ထို့အတွက် တရုတ်အီးဗီထုတ်လုပ်သူနှင့် ချိတ်ဆက်ထားပြီး တက္ကဆီပြေးဆွဲသည့် လုပ်ငန်းများထံ အီးဗီများ ရောင်းချမည် ဖြစ်သည်။ 
 
EVme Plus Co သည်  ထိုင်းနိုင်ငံအတွက် ဖွင့်လှစ်ထားသည့် Aion Automobile Sales (Thailand)  နှင့် ချိတ်ဆက်ထားပြီး ၎င်းကုမ္ပဏီမှ တင်သွင်း ရောင်းချသည့် Aion ES မော်ဒယ်များကို တက္ကဆီအဖြစ် အသုံးပြုရန် ရောင်းချသည်။ 
လက်လီ ရောင်းဈေးမှာ တစ်စီးလျှင် ဘတ် ၉၂၉,၉၀၀ ဖြစ်ပါသည်။ 

Aion Automobile Sales (Thailand)  သည်  တရုတ်ပြည် အခြေစိုက် Guangzhou Automobile Corporation  က ထိုင်းဈေးကွက်အတွက် ထူထောင်ဖွင့်လှစ်ထားသည့် လုပ်ငန်းခွဲ ဖြစ်ပါသည်။ 


ထိုင်းနိုင်ငံတွင် လျှပ်စစ်တက္ကစီဈေးကွက် ကြီးထွားလာရန် အလားအလာရှိကြောင်း EVme Plus ၏ အမှုဆောင်အရာရှိချုပ်နှင့် မန်နေဂျင်းဒါရိုက်တာ Suvicha Sudchaiက ပြောကြားသည်။ 

EVme Plus  သည် လက်ရှိ သုံးနေသည့် အင်ဂျင်ကားများအစား အီးဗီများ ပြောင်းလဲသုံးစွဲရန် တက္ကဆီ သမဝါယမ လုပ်ငန်းများနှင့် ဆွေးနွေးလျက်ရှိပါသည်။

EVme Plus သည် အင်ဂျင်ကားများကို လျှပ်စစ်ကားမျာားဖြင့် အစားထိုးလိုသော ကုမ္ပဏီများသို့ အီးဗီများ ရောင်းချခြင်းနှင့် ငှားရမ်းခြင်း ဝန်ဆောင်မှု ပေးရန် စီစဉ်နေပါသည်။

လျှပ်စစ်မော်တော်ဆိုင်ကယ် ကဏ္ဍတွင် ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် ၎င်း၏ လျှပ်စစ်မော်တော်ဆိုင်ကယ်များကို ရောင်းချရန် အီတလီထုတ်လုပ်သူ Iso Mobility နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။


Iso Mobility ၏ ဥက္ကဋ္ဌ Ferruccio Lamborghini က ကုမ္ပဏီသည် ၎င်း၏ လျှပ်စစ်မော်တော်ဆိုင်ကယ်လုပ်ငန်းကို အာဆီယံသို့ ပထမဆုံးအကြိမ် တိုးချဲ့လုပ်ဆောင်နေပြီး ထိုင်းအီးဗီစျေးကွက်တွင် လျင်မြန်စွာ တိုးတက်လာမှုကြောင့် ထိုင်းနိုင်ငံကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားသည်။

Source bangkokpost
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 

Read 818 times