ယူအေအီး ရင်းနှီးမြှုပ်နှံမှုဖြင့် Evergrande NEV  အီးဗီ ထုတ်လုပ်ရေး ပြန်လည်စတင်မည်


ယူအေအီး ရင်းနှီးမြှုပ်နှံမှုဖြင့် Evergrande NEV  အီးဗီ ထုတ်လုပ်ရေး ပြန်လည်စတင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ယူအေအီး ရင်းနှီးမြုပ်နှံသူထံမှ ငွေသားဖြင့်အသက်ကယ်ပေးလိုက်သဖြင့် ကြွေးပတ်လည် ဝိုင်းနေသော Evergrande NEV သည် အီးဗီ မော်ဒယ် ၃ ခု ထုတ်လုပ်ရေး ပြန်လည်စတင်နိုင်တော့မည် ဖြစ်သည်။


ယူအေးအီးမှ ရင်းနှီးမြှုပ်နှံမှု ရရှိသည့် သတင်းကြောင့် Evergrande NEV ၏ ရှယ်ယာဈေးနှုန်း ၄၇% ထိုးတက်သွားသည်။

မိခင်လုပ်ငန်း အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း China Evergrande Group သည် တစ်ချိန်က တရုတ်နိုင်ငံ၏ အကြီးမားဆုံး အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်ခဲ့ပြီး ယခုအခါ ကြွေးမြီ ကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော် ရှိနေပြီး အမေရိကန်တရားရုံးတွင် ဒေဝါလီခံရန် လျှောက်ထားဆဲ ဖြစ်သည်။

 အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေးအီး) မှ Abu Dhabi Investment Authority က ကျောထောက်နောက်ခံ ပြုပေးထားသည့် NWTN က Evergrande NEV ၏ အစုရှယ်ယာ ၂၇.၅% ကို ကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ဝယ်ယူသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံသည့်အတွက် NWTN မှ ကုမ္ပဏီ ဒါရိုက်တာဘုတ်အဖွဲ့တွင် အဖွဲ့ဝင် အများစုကို အမည်စာရင်း တင်သွင်းပိုင်ခွင့် ရယူထားသည်။
NWTN ၏ လက်အောက်ခံ လုပ်ငန်းတစ်ခုက Evergrande NEV ကို အတိုးမဲ့ ချေးငွေ ယွမ် သန်း ၆၀၀ (ကန်ဒေါ်လာ ၈၂.၄ သန်း) ထုတ်ချေးပေးမည်။ သုတေသနနှင့် ဖွံ့ဖြိုးရေး၊ အီးဗီ ထုတ်လုပ်ရေး၊ အီးဗီများ ရောင်းချရေးတို့တွင် သုံးစွဲရန်အတွက် ချေးငွေ ဖြစ်သည်။ Tianjin မြို့ရှိ Evergrande NEV ၏ ကားစက်ရုံ ရပ်ထားရသည်ကို ပြန်လည်လည်ပတ်ရန် ဦးတည်ချက်ထားပြီး သုံးစွဲရမည် ဖြစ်သည်။

Evergrande NEV သည် ‌Hengchi 5၊ Hengchi 6 ၊ Hengchi  7 မော်ဒယ် ၃ မျိုး ထုတ်လုပ်ရန် စီစဉ်ခဲ့ရာ Hengchi 5 အီးဗီ အစီး ၉၀၀ ထုတ်လုပ်ပြီးသည့်အခါ ငွေပြတ်နေသဖြင့် စက်ရုံကို ပိတ်ထားလိုက်ရသည်။ Hengchi 6 ၊ Hengchi  7 မော်ဒယ် ၂ မျိုးကို လုံးဝ မထုတ်လုပ်ရသေးချေ။

ကြွေးပတ်လည်ဝိုင်းနေသော Evergrande NEV သည် မိခင်လုပ်ငန်း China Evergrande Group ကို ပေးဆပ်ရန် ကြွေးမြီ ချေးငွေ ဟောင်ကောင်ဒေါ်လာ ၁၃.၈ ဘီလီယဲ ( ကန်ဒေါ်လာ ၁.၈ ဘီလီယံ) နှင့် အတိုး ဟောင်ကောင်ဒေါ်လာ ၂.၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၃၀၀) ရှိသည်။
အခြား ရင်းနှီးမြှုပ်နှံသူ ၂ ဦးထံမှ ချေးငွေ စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၂.၆ ဘီလီယံ ရှိပြီး ၎င်းကြွေးမြီကို ကုမ္ပဏီရှယ်ယာများဖြင့် ပေးဆပ်မည် ဖြစ်သည်။

အရောင်းအဝယ် ကိစ္စ ပြီးပြတ်သည့်အခါ NWTN သည် Evergrande NEV ကို ချုပ်ကိုင်ထားသည့် ရှယ်ယာပိုင်ရှင် ဖြစ်လာမည်။

NWTN ၏ မူလအစမှာ ICONIQ အမည်ရှိ အီးဗီလုပ်ငန်းဖြစ်ပြီး Alan Nan Wu က Tianjin မြို့တွင် ထူထောင်ခဲ့သည်။ Alan Nan Wu သည် ယခုအခါ NWTN ၏ စီအီးအိုနှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ဖြစ်ပြီး မဲပေးပိုင်ခွင့် ရှိသော ရှယ်ယာ ၇၇% ပိုင်ဆိုင်သည်။ 
ယူအေအီးမှ အဘူဒါဘီမြို့တွင် NWTN ၏  မော်တော်ယဉ် တပ်ဆင်စက်ရုံ တစ်ရုံရှိသည်။ 
တရုတ်မှ ကျဲ့ကျန်းပြည်နယ် အရှေ့ပိုင်းရှိ Jinhua မြို့တွင် ယာဉ်အစိတ်အပိုင်း ထုတ်လုပ်သည့် စက်ရုံတရုံ ရှိသည်။

NWTN သည် Evergrande NEV ကို ပြည်ပဈေးကွက်များသို့ ချဲ့ထွင်ရန် ရည်မှန်းထားသည်။ တစ်နှစ်လျှင် အီးဗီ အစီးရေ ၃ သောင်းမှ ၅ သောင်းအထိ ရောင်းချရန် လျာထားသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများတွင် ရောင်းချမည်။

Evergrande NEV သည် ၂၀၂၃ နှစ်စတွင် စုစုပေါင်း အရှုံး ယွမ် ၈၄ ဘီလီယံနှင့် စုစုပေါင်း အကြွေး ၁၈၃.၈ ဘီလီယံ ရှိသည်။
Source yicaiglobal 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 432 times