ထိုင်းနိုင်ငံတွင် "EV supermarket" ဖွင့်လှစ်ရန် စီစဉ်


ထိုင်းနိုင်ငံတွင် "EV supermarket" ဖွင့်လှစ်ရန် စီစဉ်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ ဒုတိယအကြီးဆုံး ကားထုတ်လုပ်သူ DFSK (Dongfeng) ရဲ့ အရောင်းကိုယ်စားလှယ် EV Primus Co က "EV supermarket" ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ 
.
ကားအမှတ်တံဆိပ်များက ကားဝယ်ယူသူများကို ဆွဲဆောင်ဖို့ အမြဲတစေ အကောင်းဆုံး ဖြစ်မနေဘူးလို့ ကုမ္ပဏီက ယူဆပါတယ်။
၂၀၂၂ ဇူလိုင်လမှာ EV Primus က မြို့ပြကား Volt ကို စတင်ရောင်းချခဲ့ပြီးတဲ့နောက်မှာ EV Primus က Dongfeng ရဲ့ မော်ဒယ်များအပြင် အခြား ကား brand များရဲ့ ကားများကိုလည်း အတူတကွ ပြသရောင်းချဖို့ စိတ်ကူးရရှိခဲ့ပြီး "အီးဗီစူပါမားကက်" တစ်ခု ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 
.
"ဘတ် ၃ သိန်းမှစလို့  ၃ သန်းးအထိ ဈေးနှုန်းများဖြင့် ကားအမှတ်တံဆိပ်များကို အတူတကွ ပြသထားပြီး ရောင်းချသွားမယ်" လို့ EV Primus ရဲ့ မန်နေဂျင်းဒါရိုက်တာ Pitaya Tanadamrongsak က ပြောကြားပါတယ်။ 
"စိတ်ကူးက ကားအသစ် ဝယ်စီးမယ့်သူတွေကို တစ်နေရာတည်းမှာ အီးဗီ brand အမျိုးမျိုးရဲ့ မော်ဒယ်းမျိုးစုံကို ကြည့်ရှုလေ့လာနိုင်တဲ့ အတွေ့အကြုံကို ပေးဖို့ ဖြစ်ပါတယ်။ 
ကုမ္ပဏီက လာမယ့် ၄ နှစ်အတွင်းမှာ အနည်းဆုံး brand ၅ မျိုးကို ပြသရောင်းချဖို့ ရည်မှန်းထားပါတယ်။ ဘက်ထရီသုံး အီးဗီစစ်စစ်များ၊ ခရီးတာ ဝေးဝေး သွားနိုင်တဲ့ အီးဗီများအပြင် ဘက်ထရီအားသွင်းဖို့ မီးစက်များကိုပါ ပြသရောင်းချမှာ ဖြစ်ပါတယ်။
 ကုမ္ပဏီက အငယ်စားမျှသာ ဖြစ်ပြီး ကြီးမားတဲ့ လုပ်ငန်းကြီးများကို မယှဉ်သာကြောင်း၊ သို့သော် ပိုအပြေးမြန်ခြင်းဖြင့် အသာရအောင် လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း Mr Pitaya  က ပြောကြားပါတယ်။
"ကျွန်တော်တို့က ကြွက်လို သေးငယ်တာကို ဝန်ခံရမယ်။ ကျွန်တော်တို့ ဆင်တွေကို တိုက်လို့မရဘူး။ ပြိုင်ဘက်များထက် သာနေအောင် ကျွန်တော်တို့ အပြေးမြန်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်" လို့ Mr Pitaya  က ပြောပါတယ်။ 
Source Bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 278 times