မားစီးဒီးကို ယှဉ်ပြိုင်ရမည့် အီးဗီမော်ဒယ် ET9 ကို NIO ထုတ်လုပ်မည်


မားစီးဒီးကို ယှဉ်ပြိုင်ရမည့် အီးဗီမော်ဒယ် ET9 ကို NIO ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ် ပရီမီယံ စမတ် လျှပ်စစ်ကား အမြင့်တန်း မော်ဒယ်များ ထုတ်လုပ်သည့် NIO Inc သည် အထင်ကရ မော်ဒယ် ET9executive sedan ကို မိတ်ဆက်ခဲ့သည်။ 

• Executive sedan အတွက် ယေဘုယျ သတ်မှတ်ချက်မှာ ဆီဒင်ကား အကြီးစား ဖြစ်ရမည်။ တံခါး ၄ ပေါက် ပါရမည်။ နောက်ထိုင်ခုံတွင် ၃ ယောက်ထက် မပိုရ။ ကားကိုယ်ထည် ခါးအလျား အနည်းဆုံး ၂၈၄၀ မီလီမီတာ ရှိရမည်။ 

ET9 executive sedan သည် ဈေးကွက်ထဲတွင် အထက်တန်းစား ကားအတန်းအစားတွင် နေရာယူမည် ဖြစ်သဖြင့် Mercedes Benz ၏ Maybach နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ Porsche ၏ Panamera စီးရီးနှင့်လည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ET9 ကို ၂၀၂၅ ခုနှစ် ပထမ၃လပတ်အတွင်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။ 
ယာယီခန့်မှန်း ဈေးနှုန်းမှာ ယွမ် ၈ သိန်း ($112,178) ဖြစ်သည်ဟု နီယို ထူထောင်သူ စီအီးအို William Li က ကုမ္ပဏီမှာ နှစ်စဉ် ကျင်းပသည့် "Nio Day" အခမ်းအနားမှာ ပြောကြားသည်။
 
 ကားတွင် Nio ကိုယ်ပိုင် ဒီဇိုင်းထုတ်ထားသော အလိုအလျောက်မောင်းနှင်နိုင်သော ချစ်ပ် တပ်ဆင်ထားမည်ဖြစ်သည်။ ဗို့အား ၉၀၀ သုံးစွဲထားသည်။ အမြန်အားသွင်းစနစ် ပါသည်။

Li က ET9 တွင် သုံးထားသော အချို့နည်းပညာများသည် Panamera ထက် မျိုးဆက်တခု ရှေ့ပိုရောက်သည်ဟု ပြောကြားပါသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 155 times