ကိုရီးယားတွင် အရောင်းရဆုံး E-Class ဆီဒင် မျိုးဆက်သစ် Mercedes-Benz မိတ်ဆက်


ကိုရီးယားတွင် အရောင်းရဆုံး E-Class ဆီဒင် မျိုးဆက်သစ် Mercedes-Benz မိတ်ဆက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Mercedes-Benz Korea စီအီးအို Mathias Vaitl သည် ဆိုးလ်မြို့တွင် E-Class ဆီဒင်အသစ်ကို မိတ်ဆက်‌ပေးခဲ့သည်။

 

Mercedes-Benz သည် ကိုရီးယားတွင် ပြီးခဲ့သည့် ရှစ်နှစ်ဆက်တိုက် အရောင်းရဆုံး ကားမော်ဒယ်ဖြစ်ခဲ့သည့်  E-Class sedan အသစ်ကို မိတ်ဆက်ခဲ့သည်။

ယခုမိတ်ဆက်သည်မှာ ၁၁ ဆက်မြောက် မျိုးဆက်သစ်  E-Class ဆီဒင် ဖြစ်ပါသည်။  

၁၀ ဆက်မြောက် မျိုးဆက်သည် တောင်ကိုရီးယားတွင် ရောင်းအား တအားကောင်းခဲ့သည်။

 

E-Class ဆီဒင်သည် တင်သွင်းရောင်းချသည့် ကားမော်ဒယ်များတွင် ရောင်းအား အစီးရေ ၂ သိန်းကျော်သို့ ပထမဆုံး ရောက်ရှိခဲ့သည့် မော်ဒယ် ဖြစ်သည်။ 

၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း ကိုရီးယားသည် E-Class ဆီဒင် အရောင်းရဆုံးနိုင်ငံ ဖြစ်ခဲ့ပါသည်။ 

 

၁၁ ဆက်မြောက် မျိုးဆက်သစ် E-Class သည် အပြင်ကိုယ်ထည်ကို ဒီဇိုင်းအသစ် ပြန်ထုတ်ပေးထားသည်။ ဒစ်ဂျစ်တယ် အရသာစစ်စစ်ကို ပေးမည့် တတိယမျိုးဆက် MBUX infotainment system အသုံးပြုထားသည်ဟု Mercedes-Benz Korea က ပြောကြားသည်။

 

E-Class သည် ကိုရီးယားမှ ဝယ်စီးသူများ၏ နှလုံးသားတွင် အထူးသီးသန့်နေရာတစ်ခု ရရှိထားသည်။

၂၀၁၉ ခုနှစ်တွင် ရောင်းအား အစီးရေ ၁ သိန်းကျော်သို့ ရောက်ရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အစီးရေ ၂ သိန်းကျော်သို့ ရောက်ရှိခဲ့သည်။

 

E-Class သည် ၂၀၁၆ ခုနှစ်မှစတင်၍ ၈ နှစ်ဆက်တိုက် တင်သွင်းသည့်ကားဈေးကွက်တွင် အရောင်းရဆုံး မော်ဒယ် ဖြစ်ခဲ့သည်။

 

 E-Class အသစ်သည် ဗားရှင်း ခုနစ်မျိုး ထုတ်လုပ်ထားသည်။ 

 

အရင်ဆုံး ရောင်းချမည့် ဗားရှင်း နှစ်မျိုးမှာ E300 4Matic Exclusive နှင့် E300 4Matic AMG Line တို့ဖြစ်ပြီး ယခုလတွင် စတင်ရောင်းချမည်။

နှစ်မျိုးစလုံး ဆလင်ဒါ ၄ လုံး ဓာတ်ဆီအင်ဂျင်ကို 9G-Tronic ဂီယာ ၉ ချက် အော်တိုဂီယာနှင့် တွဲဖက်ပေးထားသည်။

 

တတိယမျိုးဆက် MBUX infotainment system သည် ယာဉ်အတွင်း YouTube, WebEx, Zoom, Angry Birds, TikTok တို့ အသုံးပြုနိုင်မည်။

တောင်ကိုရီးယားတွင် ရေပန်းစားသည့် Tmap Mobility ၏ navigation system အသုံးပြုနိုင်မည်။

 

ယခုနှစ်တွင် အထက်တန်းစား အမှတ်တံဆိပ် Maybach အရောင်းပြခန်းကို ကိုရီးယားတွင် ဖွင့်လှစ်မည်ဟု စီအီးအိုက ပြောကြားသည်။

၅ ထပ် အဆောက်အဦဖြစ်ပြီး ကြမ်းခင်းဧရိယာ ၂,၅၀၀ စတုရန်းမီတာ ရှိသည်။ Maybach ကိုသာ သီးသန့် ပြသရောင်းချမည်ဟု စီအီးအိုက ပြောကြားပါသည်။

Source koreatimes 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 185 times