မလေးရှားမှ DRB Hicom နှင့် တရုတ်မှ Geely တို့ မော်တော်ယာဉ် ထုတ်လုပ်ရေး အချက်အချာအတွက် သဘောတူညီချက် လ


မလေးရှားမှ DRB Hicom နှင့် တရုတ်မှ Geely တို့ မော်တော်ယာဉ် ထုတ်လုပ်ရေး အချက်အချာအတွက် သဘောတူညီချက် လက်မှတ်ရေးထိုး

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

မလေးရှား မော်တော်ကားထုတ်လုပ်သူ DRB Hicom က မလေးရှားနိုင်ငံတွင် မော်တော်ယာဥ် ထုတ်လုပ်ရေး အချက်အချာတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် တရုတ်ကားထုတ်လုပ်သူ Zhejiang Geely Holding Group Co Ltd နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

Geely သည် မလေးရှားနိုင်ငံ အနောက်ပိုင်း Tanjung Malim တွင် မော်တော်ကားထုတ်လုပ်ရေးအချက်အချာ နေရာတစ်ခု တည်ဆောက်ရန်အတွက် Geely မှ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဇူလိုင်လတွင် ပြောကြားခဲ့သည်။

အကောင်အထည်ဖော်မည့်  စီမံကိန်းတွင် မော်တော်ယာဥ်များ ထုတ်လုပ်ခြင်း၊ စွမ်းအင်သစ် ကားများအတွက် နည်းပညာမြင့် အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းတို့ကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း DRB Hicom မှ ပြောကြားသည်။
ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်မည်ဖြစ်သည်။
DRB နှင့် Geely တိူ့သည် မလေးရှားတွင် စီးပွားဘက်များ ဖြစ်သည်။ မလေးရှား နိုင်ငံဂုဏ်ဆောင် ကားလုပ်ငန်း Proton တွင် DRB က ရှယ်ယာအများစုကို ပိုင်ဆိုင်ပြီး Geely က ၄၉.၉% ပိုင်ဆိုင်သည်။

Source: Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 282 times