ရထားလမ်း ကားလမ်း နှစ်မျိုးသုံး DMV ဘတ်စ်
ကားလမ်းနှင့် ရထားလမ်း နှစ်မျိုးစလုံးတွင် မောင်းနှင်နိုင်သော ရထား ဘတ်စ် နစ်မျိုးသုံး DMV 'dual-mode vehicle' ကို ဂျပန်နိုင်ငံ တိုကူရှီမာနှင့် ကိုချီ စီရင်စုတို့အကြား ၂၀၂၁ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့တွင် စတင်ပြေးဆွဲသည်။
နှစ်မျိုးသုံးယာဉ်သည် ကမ္ဘာပေါ်တွင် ပထမဆုံး ပြေးဆွဲသော DMV ဖြစ်သည်။
အများပိုင်-ပုဂ္ဂလိကပိုင်လုပ်ငန်း Asa Seaside Railway Corporation က ပြေးဆွဲသည်။
ခရီးသည် ၁၈ ဦး လိုက်ပါစီးနင်းနိုင်သည်။ ရထားမှ ဘတ်စ်၊ ဘတ်စ်မှ ရထား ပြောင်းလဲရန်အတွက် ခရီးသည်များ အောက်ဆင်းပေးဖို့ မလိုဘဲ ၁၅ စက္ကန့်ဖြင့် တုန်ခါခြင်း မရှိဘဲ ညင်ညင်သာသာဖြင့် ပြောင်းလဲပေးသည်။
ခရီးစဉ် အစအဆုံး ရထားခမှာ ယန်း ၈၀၀ (အမေရိကန်ဒေါ်လာ ၇) ဖြစ်ပြီး ကလေးဆိုလျှင် ရထားခ တစ်ဝက်သက်သာသည်။
အသွားအပြန် တစ်ရက်လျှင် ၁၃ မှ ၁၅ ခေါက်အထိ ပြေးဆွဲပေးသည်။
တစ်စီးလျှင် ယန်း ၁၄၀ သန်း (အမေရိကန်ဒေါ်လာ ၁.၂ သန်း) ကုန်ကျသည်။ DMV စီမံကိန်း ကုန်ကျစရိတ်မှာ ယန်း ၁.၆ ဘီလျံကျော် (အမေရိကန်ဒေါ်လာ ၁၄ သန်း) ဖြစ်သည်။
အပြာ၊ အနီ၊ အစိမ်းအရောင်သုံးမျိုးဖြင့် ထုတ်လုပ်ထားသည်။ ဒီဇယ်အင်ဂျင် သုံးစွဲထားသည်။
Tokyo 2020 အားကစားပွဲတော်အမီ ထုတ်လုပ်ရန် လျာထားခဲ့သော်လည်း COVID-19 ကြောင့် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့ပြီး ယခုနှစ် စရစ္စမတ်ကျမှ စတင်ပြေးဆွဲနိုင်ခဲ့ပါသည်။
japan-forward.com


