၁၁ လအတွင်း Denza D9 MPV အစီးရေ ၁ သိန်းမြောက် ထုတ်လုပ်ကြောင်း ကြေညာ


၁၁ လအတွင်း Denza D9 MPV အစီးရေ ၁ သိန်းမြောက် ထုတ်လုပ်ကြောင်း ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Denza ကို BYD နှင့် Mercedes-Benz တို့ ဖက်စပ်ကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၀ ပြည့်နှစ်တွင် ထူထောင်ခဲ့သည်။ Mercedes-Benz က ၎င်း၏ ရှယ်ယာများကို ၂၀၂၁ ခုနှစ်တွင် BYD ထံ ရောင်းချခဲ့ပြီး နုတ်ထွက်ခဲ့ရာ ယခုအခါ Denza တွင် Mercedesသည် ရှယ်ယာ ၁၀% သာ ပိုင်ဆိုင်သည်။

Brand နေရာယူသည့် အနေအထားကို ကြည့်လျှင် Denza သည် BYD ထက် မြင့်သည်။ BYD ၏ နောက်ထပ် brand တခုဖြစ်သော YangWang ထက် နိမ့်သည်။ 

ပြီးခဲ့သည့် ဩဂုတ်လတွင် ၁၀,၀၃၅ စီး ရောင်းချခဲ့သည်။ plug-in hybrid မော်ဒယ်များ ၉,၇၃၄ စီး၊ အီးဗီ မော်ဒယ်များ ၃၀၁ စီး ရောင်းချခဲ့သည်။

ယွမ် ၃၀၀,၀၀၀ အထက် (USD 41,000) အထက် စည်းစိမ် MPV အတန်းအစားတွင် D9  MPV သည် အရောင်းရဆုံး မော်ဒယ် ဖြစ်နေသည်မှာ ဩဂုတ်လအထိ ၈ လ ဆက်တိုက်ရှိပြီ ဖြစ်သည်။ 

 

 

စက်တင်ဘာလ ၂၄ ရက်နေ့တွင် Denza သည်  အမြင့်တန်း ကားအမျိုးအစားဖြစ်သည့် D9  MPV အစီးရေ ၁ သိန်းမြောက် ထုတ်လုပ်ကြောင်း ကြေညာသည်။ 

Denza မှ ထုတ်လုပ်သည့် ပထမဆုံးအသုတ်မှ ကားများကို အမှာစာ တင်ထားသူများထံ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်အပ်နှံခဲ့သည်။ သို့ဖြစ်ရာ ၁၁ လအတွင်း အစီးရေ ၁ သိန်းမြောက် ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် မော်ဒယ်ရှစ်မျိုးဖြင့် D9  MPV ကိုရောင်းချလျက်ရှိပြီး အီးဗီ မော်ဒယ်လ် ၃ မျိုးနှင့် plug-in hybrid မော်ဒယ်ငါးမျိုးတို့ ပါဝင်သည်။
ဈေးနှုန်းများမှာ ယွမ် ၃၃၅,၈၀၀+၄၆၅,၈၀၀ (USD46,700 – 64,800) အထိ ဖြစ်သည်။

 

 

Denza သည် BYD ၏ အမှတ်တံဆိပ် ဖြစ်သည့်အားလျော်စွာ BYD ၏ DM-i ဟိုက်ဘရစ်စနစ်ကို ပလပ်ထိုး အားသွင်း ဟိုက်ဘရစ် plug-in hybrid မော်ဒယ်တွင် အသုံးပြုထားသည်။ အင်ဂျင်တလုံး၊ လျှပ်စစ်မော်တာတလုံး ပါသည်။ ဘက်ထရီဖြင့် လျှပ်စစ်ကားအဖြစ် မောင်းနှင်လျှင် ခရီးတာ ကီလိုမီတာ ၅၀၊ ၉၈ ကီလိုမီတာ၊ ကီလိုမီတာ ၁၈၀ နှင့် ကီလိုမီတာ ၁၉၀ ဟူ၍ ဗားရှင်း ၄ မျိုး ထုတ်လုပ်သည်။ ဓာတ်ဆီနှင့် ဘက်ထရီ ၂ မျိုးပေါင်း အများဆုံး ခရီးတာ ၁,၀၄၀ အထိ ရသည်။ 

 

 

အင်ဂျင်မပါ ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ် မော်ဒယ်တွင် ၂ ဘီးယက် ခရီးတာ ကီလိုမီတာ ၆၂၀ နှင့် ၄ ဘီးယက် ခရီးတာ ကီလိုမီတာ ၆၀၀ ဗားရှင်း ၂ မျိုး ထုတ်လုပ်သည်။
၂ ဘီးယက်သည် ရှေ့ဘီးယက်ဖြစ်ပြီး 230 kW မော်တာ ၁ လုံးပါသည်။ ၄ ဘီးယက်တွင် မော်တာ ၂ လုံးပါပြီး စုစုပေါင်း 275 kW အထိ ပါဝါထုတ်ပေးနိုင်သည်။

 

 

Denza မော်ဒယ်အသစ်များ နောက်နှစ်တွင် ထပ်ထုတ်ဖို့ အစီအစဉ် ရှိသည်။ 
SUV ၃ မျိုး ၊ MPV ၂ မျိုး၊ ဆီဒင် ၃ မျိုး မော်ဒယ်အသစ်များ ထုတ်လုပ်မည်ဟု 2023 Chengdu Auto Show တွင် Denza မှ အထွေထွေ မန်နေဂျာ Zhao Changjiang က အသိပေး ပြောကြားခဲ့သည်။
ထုတ်လုပ်ရေးလိုင်းကို မော်ဒယ် ၇ ခု၊ ၈ ခုအထိ ထုတ်လုပ်နိုင်အောင် တိုးချဲ့သွားမည်ဟု ၎င်းက ပြောကြားသည်။

 


Source: Denza Weibo, PCAuto
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1203 times