ကြိုတင်အမှာစာ တင်ထားသူများထံ Cybertruck စတင် ပေးအပ်


ကြိုတင်အမှာစာ တင်ထားသူများထံ Cybertruck စတင် ပေးအပ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တက်စလာ၏ နှစ်ရှည်လများ နှောင့်နှေးနေသည့် Cybertruck ကို နိုဝင်ဘာလ ၃၀ ရက်တွင် ကြိုတင်အမှာစာ တင်ထားသူများထဲမှ ၁၀ ဦးကျော်ကို စတင်ပေးအပ်သည်။
ဈေးနှုန်းမှာ ၂၀၁၉ ခုနှစ်တွင် တက်စလာ စီအီးအို အီလွန်မတ်စ်က ပြောကြားခဲ့သည်ထက် ထက်ဝက်ကျော် ပိုများပြီး  ခရီးတာစွမ်းရည် လျော့နည်းပါသည်။
ငွေကြေး သုံးနိုင်ဖြုန်းနိုင်သည့်သူများသာ ဝယ်စီးကြလိမ့်မည်ဟု ဆန်းစစ်လေ့လာသူတို့က သုံးသပ်ကြသည်။ ပစ်ကပ်ထရပ်ကားအဖြစ် တွင်တွင်ကျယ်ကျယ် အကြမ်းသုံးဖို့ထက် တန်ဖိုးထားသည့် ကားအဖြစ်သာ စီးကြရလိမ့်မည်ဟု သုံးသပ်ကြသည်။
ဗားရှင်း ၃ မျိုး ထုတ်လုပ်မည် ဖြစ်ပြီး ဈေးနှုန်းများမှာ 60,990 မှ $99,990 အထိ ဖြစ်သည်။

အခြား အီးဗီပစ်ကပ် ရောင်းဈေးနှုန်းများမှာ
• Rivian R1T $73,000
• Ford F-150 Lightning $50,000
• Hummer EV ပစ်ကပ် $96,000 
ဖြစ်ပါသည်။

 

Musk သည် ပြပွဲတွင် ကားစျေးနှုန်းများကို မကြေညာခဲ့သော်လည်း Tesla ၏ ဝက်ဘ်ဆိုက်တွင် ဈေးနှုန်းများကို ဖော်ပြထားပါသည်။
စွမ်းဆောင်ရည် အမြင့်ဆုံး 'Cyberbeast' ဗားရှင်းသည် ၄ဘီးယက်ဖြစ်ပြီး ခန့်မှန်းဈေးနှုန်းမှာ  $80,000 ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် စတင်ရရှိနိုင်မည်။

ဈေးသက်သာသော နောက်ဘီးယက် ဗားရှင်းသည် ခန့်မှန်းဈေးနှုန်း $61,000 ဖြစ်ပြီး အစောဆုံးအနေဖြင့် ၂၀၂၅ ခုနှစ်တွင် စတင်ရရှိမည်။
Musk သည် ၂၀၁၉ ခုနှစ်တွင် Cybertruck ကို $40,000 ဖြင့် ရောင်းချမည်ဟု ခန့်မှန်း‌ေပြာကြားခဲ့သည်ထက် ၅၀% ပိုများပါသည်။

တောက်ပြောင်သော သံမဏိသားဖြင့် ပြုလုပ်ထားသည့် ပစ်ကပ်ထရပ်ကားသည် ၁၉၇၇ ခုနှစ် ဂျိန်းစ်ဘွန်း ရုပ်ရှင် "The Spy Who Loved Me" တွင် ရေငုပ်သင်္ဘောငယ်အဖြစ်လည်း သွားနိုင်သော ကားပုံစံကို အခြေခံပြီး ထုတ်လုပ်ထားကြောင်း အီလွန်မတ်စ်က ကားအပ်နှင်းသည့် အခမ်းအနားတွင် ပြောကြားသည်။

 
 

တက္ကဆက်ပြည်နယ်၊ ဩစတင်တွင် ကျင်းပသည့် အခမ်းအနားတွင် မတ်စ်သည် Cybertruck တစ်စီးကို စင်မြင့်ပေါ်သို့ မောင်းနှင်ပြီး ရောက်ရှိလာရာ ပွဲတက်သူများက ဩဘာပေးကြသည်။

ကိုယ်ထည်သတ္တုသားအသစ် သုံးစွဲထားခြင်း၊  သမားရိုးကျ မဟုတ်သော အနာဂတ်ပုံစံဒီဇိုင်း သုံးထားခြင်းတို့ကြောင့် ထုတ်လုပ်မှုတွင် ပိုရှုပ်ထွေးပြီး ကုန်ကျစရိတ်များ ပိုများစေသည်ဟု မတ်စ်က ပြောကြားသည်။

 

 

ကားမဝယ်ဖြစ်လျှင် အပြည့်အဝ ပြန်အမ်းပေးမည့် စရံငွေ $100 တင်ပြီး အမှာစာ စာရင်းပေးကြသူ ၁ သန်းကျော် ရှိသည်။ 
ယခုအခါ စရံငွေကို $250 သတ်မှတ်ကြောင်း မတ်စ်က ပြောကြားသည်။

Cybertruck ခရီးတာ အများဆုံး ရသည့် ဗားရှင်းမှာ မိုင ၃၄၀ (547 km) ဖြစ်ပါသည်။ ဝယ်ယူသူက ဈေးပိုပေးလျှင် ဘက်ထရီထုပ် ထပ်တိုး ထည့်ပေးမည် ဖြစ်ပြီး ခရီးတာ မိုင် ၄၇၀ အထိ ရမည်ဟု ဆိုပါသည်။

၂၀၁၉ ခုနှစ်တွင် Musk က Cybertruckးသည် အားတစ်ကြိမ် အပြည်ြသွင်းရုံဖြင့် မိုင် ၅၀၀ သို့မဟုတ် ထို့ထက်ပို၍ ခရီးနှင်နိုင်မည်ဟု ပြောကြားခဲ့သည်ကို မမီပါ။

Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 925 times