ရိုဘော့တက္ကဆီ Cruise ၂၄ နာရီပတ်လည် စတင်ပြေးဆွဲ


 ရိုဘော့တက္ကဆီ Cruise ၂၄ နာရီပတ်လည် စတင်ပြေးဆွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

General Motors ကျောထောက်နောက်ခံပြု မောင်းသူမဲ့  ရိုဘော့တက္ကဆီ Cruise သည် ဆန်ဖရန်စစ္စကိုမြို့တစ်ခွင်လုံးတွင် တစ်ရက်လျှင် ၂၄ နာရီ၊ တစ်ပတ်လျှင် ခုနစ်ရက် ပြေးဆွဲရန် သက်ဆိုင်ရာအာဏာပိုင်တို့က ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

ဆန်ဖရန်စစ္စကိုသည် နယ်မြေကန့်သတ်ချက်၊  အချိန်ကန့်သတ်ချက်များမရှိဘဲ မြို့တစ်မြို့တွင် မောင်းသူမဲ့ ပင်ကိုမောင်းနှင် မော်တော်ယာဉ်များဖြင့် တက္ကဆီပြေးဆွဲရန်  "စမ်းသပ်ကွင်း" တစ်ခုအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရိုဘော့တက္ကဆီ Cruise အဖို့ မြို့အနှံ့ အချိန်ပြည့် ပြေးဆွဲခွင့် ရရှိခြင်းသည် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါသည်။

ဆန်ဖရန်စစ္စကို အခြေစိုက် Cruise သည် အရှုံးဖြင့် ဆက်လက်ပြေးဆွဲနေခြင်းဖြစ်သည်။ ၂၀၂၃ ပထမ၃ လပတ်တွင် ကန်ဒေါ်လာ ၅၆၁ သန်း အရှုံးပေါ်ခဲ့သည်။

ဆန်ဖရန်စစ္စကိုတွင် စောက်မတ်သော ကုန်းတက်ကုန်ဆင်းလမ်းများ၊ လမ်းကျဉ်းများ၊ ယာဉ်ကြောကျပ်သည့်နေရာများ၊ လူသွားလူလာနှင့် စက်ဘီးများ အသွားအလာများသည့်နေရာများ ရှိနေပါလျက် ရိုဘော့တက္ကဆီများက ပုံမှန်ပြေးဆွဲနေနိုင်သည်ဆိုပါက အခြားမြို့များတွင်လည်း ပြေးဆွဲနိုင်ကြမည် ဖြစ်သည်။

Source sfchronicles
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 286 times