မော်တော်ယာဉ်မောင်းသူတွေ “Low Coolant” နဲ့ မောင်းတာဟာ အင်ဂျင်ကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်အကြီးဆုံး အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတာကို သိပြီးကြပြီလား။
Coolant (Antifreeze) ဟာ မော်တော်ယာဉ်အင်ဂျင်ရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့ အရေးပါဆုံး systemတစ်ခု ဖြစ်ပြီး၊ အင်ဂျင်ထဲက အပူကို စုပ်ယူပြီး Radiator ကို ညွှန်ပေးတဲ့ လုပ်ဆောင်ချက် တွေကိုဦးဆောင်ရတဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
Coolant အဆင့် နည်းသွားတဲ့အခါ အင်ဂျင်အပူချိန်ကို ထိန်းညှိဖို့ မဖြစ်နိုင်တော့တာကြောင့် Overheat တွေဖြစ်ခြင်း, metal parts များ ပျက်စီးခြင်း နဲ့ Engine Fail ဖြစ်နိုင်ခြင်း စတဲ့ ပြဿနာတွေဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ ဒါ့အပြင် Coolant မလုံလောက်တဲ့အချိန်မှာ အင်ဂျင်အတွင်းက ဓာတ်ဆီနဲ့အလုပ်လုပ်တဲ့ အစိတ်အပိုင်းတွေမှာ friction ပိုများလာပြီး oil breakdown, gasket ပျက်ခြင်း, seal ပျက်ခြင်း တို့ ဖြစ်လာနိုင်ပါတယ်။
အင်ဂျင်ပေါ်က Temperature Gauge level မြင့်လာတာ သို့မဟုတ် Dashboard ပေါ်မှာ Low Coolant Warning Light ပေါ်လာတာတွေဟာ မပေါ့စသင့်တဲ့သတိပေးချက်ဖြစ်ပြီး အဲ့ဒီအချိန်မှာ ဆက်မောင်းနေတာက Head Gasket ပျက်ခြင်း သို့မဟုတ် Engine Block ပျက်ခြင်း ဖြစ်နိုင်ပြီး ဈေးကြီပြီအစထဲကမလိုအပ်မယ့် repair မျိုးတွေကိုလုပ် နေရတဲ့အထိကိုဖြစ်နိုင်ပါတယ်။
ဒါကြောင့်ခဏခဏ Coolant နည်းနေတယ်ဆိုရင်တော့ Radiator, Water Pump သို့မဟုတ် Hose တွေထဲမှာ Leak ဖြစ်နေတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ နည်းပညာရှင်တွေကတော့ မော်တော်ယာဉ်မောင်းသူတိုင်းအနေနဲ့ အဝေးပြေးခရီးသွားမတိုင်မီ Coolant Level ကို စစ်ဆေးဖို့နဲ့ အင်ဂျင်ပူနေချိန်မှာ Radiator Cap ကို သေချာပိတ်ထားဖို့ အထူးသတိပေးထားပါတယ်။
Article Reference:
https://www.tyreplus-me.com/en/uae/blog/why-you-should-not-drive-with-low-coolant