စင်ကာပူမှ ပို့ဆောင်ရေးလုပ်ငန်း ComfortDelGro ဗီယက်နမ်  Vinataxi  ဖက်စပ်လုပ်ငန်းမှ ထွက်ခွာ


စင်ကာပူမှ ပို့ဆောင်ရေးလုပ်ငန်း ComfortDelGro ဗီယက်နမ်  Vinataxi  ဖက်စပ်လုပ်ငန်းမှ ထွက်ခွာ

စင်ကာပူမှ ပို့ဆောင်ရေးလုပ်ငန်း ComfortDelGro က Vinataxi  ဖက်စပ်လုပ်ငန်းမှ အစုရှယ်ယာ အကုန်လုံးကို ဗီယက်နမ်ပြည်တွင်းကုမ္ပဏီထံ ရောင်းချပြီး ရင်းနှီးမြှုပ်နှံမှု ပြန်ထုတ်ယူပါတယ်။

လက်မှတ်ရေးထိုးခဲ့ကြတဲ့ အရောင်းအဝယ် သဘောတူညီချက်အရ ဖက်စပ်လုပ်ငန်း Vinataxi  မှာ ComfortDelGro က ပိုင်ဆိုင်တဲ့ အစုရှယ်ယာ ၇၀% ကို ဟိုချီးမင်းစီးတီး အခြေစိုက် Helios Service ကို လက်လွှဲပြောင်းပေးမှာဖြစ်ပြီး ဗီယက်နမ်သုံးငွေဒေါင် ၅၅ ဘီလျံ (ကန်ဒေါ်လာ ၂.၄ သန်း) ဖြင့် ရောင်းချခဲ့ပါတယ်။

Vinataxi ကို ၁၉၉၂ မှာ ဗီယက်နမ်လုပ်ငန်း Tracodi နဲ့ ဟောင်ကောင်ကုမ္ပဏီ Tecobest Investment တို့က ဖက်စပ်လုပ်ငန်းအဖြစ် ထူထောင်ခဲ့ပါတယ်။ ၂၀၀၃ မှာ Tecobest Investment ရဲ့ အစုရှယ်ယာအားလုံးကို ComfortDelGro က ဝယ်ယူခဲ့ပါတယ်။

Vinataxi က ၂၀၂၀ မှာ ဝင်ငွေ ဗီယက်နမ်ဒေါင် ၂၀ ဘီလျံ ရရှိခဲ့ပြီး ဗီယက်နမ်ဒေါင် ၇.၆ ဘီလျံ အရှုံးပေါ်ခဲ့ပါတယ်။

၂၀၁၈ မှာ ComfortDelGro က အခြားပြည်တွင်း အငှားယာဉ်လုပ်ငန်း Savico နဲ့ ဖက်စပ်လုပ်ငန်း ComfortDelGro Savico Taxi ကို ထူထောင်ခဲ့ပါတယ်။ 
နည်းပညာသုံးစွဲတဲ့ တက္ကဆီ အော်ပရေတာတွေကြားမှာ အပြိုင်အဆိုင်ပြင်းထန် ပါတယ်။

ဗီယက်နမ်ဈေးကွက်မှ ComfortDelGro ရရှိတဲ့ ဝင်ငွေစုစုပေါင်းက ၂၀၂၁ ပထမနှစ်ဝက်မှာ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ရရှိခဲ့ပြီး ComfortDelGro ရဲ့ ဝင်ငွေစုစုပေါင်းမှာ ဝေစု ၀.၁% အောက်မှာသာ ရှိပါတယ်လို့ ComfortDelGro က ပြောကြားပါတယ်။

Read 396 times