ရန်ကုန်တိုင်းဒေသကြီး CNG အရောင်းဆိုင်များ အချိန်တိုးမြှင့်ရောင်းချပေးလျက်ရှိ


ရန်ကုန်တိုင်းဒေသကြီး CNG အရောင်းဆိုင်များ အချိန်တိုးမြှင့်ရောင်းချပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝ ဓာတ်ငွေ့သုံး မော်တော်ယာဉ်များ အဆင်ပြေစေရန်အတွက် မြန်မာ့ရေနံနှင့်သဘာဝတတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံးသဘာဓာတ်ငွေ့CNG အရောင်းဆိုင် ၄၁ ဆိုင် ရှိသည့်အနက် ဆိုင်ပေါင်း ၄ဝ ကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ
၁၈ သန်းကျော်အထိ ရောင်းချပေးလျက် ရှိကြောင်း သိရပါသည်။
 ဈေးနှုန်းများ အတက်အကျ မရှိဘဲ ယခင်ဈေးနှုန်းတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

မော်တော်ယာဉ်များ CNG ဖြည့်တင်းရာတွင် ပိုမို အဆင်ပြေစေရန် ယခင်က နံနက် ၅ နာရီမှ ည ၉ နာရီအတွင်းသာ ဖွင့်လှစ်ရောင်းချနေသည့် CNG ဆိုင်များကို ည ၁ဝ နာရီခွဲအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ရောင်းချပေး နေကြောင်း သိရပါသည်။
CNG ထည့်ရန် တန်းစီသည့် ယာဉ်တန်း တန်းစီမှု အခြေအနေအပေါ်မူတည်ပြီး အချိန်တိုးမြှင့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖွင့်လှစ်ထား သည့် CNG အရောင်းဆိုင်များတွင် … တစ်ရက်လျှင် CNG အသုံးပြုနေ သည့် YBS ယာဉ်များ၊ အငှားယာဉ်များနှင့် အခြားမော်တော် ယာဉ် အစီးရေစုစုပေါင်း ၃ဝ,ဝဝဝ ကျော် လာရောက်ဖြည့်တင်းလျက်ရှိကြောင်း သိရပါသည်။

Source myotawnews
 

Read 430 times