မှတ်ပုံတင် ဖျက်သိမ်းပြီးသော ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးမည်


မှတ်ပုံတင် ဖျက်သိမ်းပြီးသော ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးမည်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော မှတ်ပုံတင်သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင် ဖျက်သိမ်းပြီးသော ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ပေးခြင်းဆိုင်ရာ အသိပေးကြေညာချက်ကို ဖော်ပြအပ်ပါသည်။

မှတ်ပုံတင်သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင် ဖျက်သိမ်းပြီးသော ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင် ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း

၁။ မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထား ထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင် မှတ်ပုံတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီး ဖြစ်သည့် 1980 Model နှင့် ၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော် ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ 

၂။ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သော ယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်အား ရောက်ရှိယာဉ်အမှတ် အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ပါသည်။ ယခင် မှတ်ပုံတင်ထားခြင်းမရှိသော ရှေးဟောင်း ယာဉ်များအား မှတ်ပုံတင်ပေးမည် မဟုတ်ပါ။

၃။ ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ခြင်းအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ကုန် းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများတွင် (၂၄.၂.၂၀၂၂)ရက်နေ့မှ (၂၅.၃.၂၀၂၂)ရက်နေ့အထိ ဆက်သွယ်ဆောင်ရွက် နိုင်ပါကြောင်းနှင့် အသေးစိတ် အချက်အလက်များအား www.motc.gov.mm, www.myanmarrtad.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

 

Read 9277 times