(၅)နှစ်ကျော်နှစ်ပြတ်၊ ရှေးဟောင်း Clasicမော်တော်ယာဉ်များအား ပြန်လည်မှတ်ပုံတင်ပေးမည်


(၅)နှစ်ကျော်နှစ်ပြတ်၊ ရှေးဟောင်း Classic မော်တော်ယာဉ်များအား ပြန်လည်မှတ်ပုံတင်ပေးမည့်ကိစ္စနှင့် စပ်လျဉ်း၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် အသေးစိတ်အချက်အလက်များကို ဖော်ပြအပ်သည်။


(၅)နှစ်ကျော်နှစ်ပြတ်၊ ရှေးဟောင်း Clasicမော်တော်ယာဉ်များအား ပြန်လည်မှတ်ပုံတင်ပေးမည်

နိုင်ငံတကာသတ်မှတ်ချက်အရ ရှေးဟောင်းသမိုင်းဝင်ယာဉ် Classic Car ဆိုသည်မှာ သက်တမ်း (၂၅)နှစ်နှင့်အထက် မော်တော်ယာဉ်ဟောင်း(Used Vehicles) များကိုခေါ်ပါသည်Classic Car များကို သမိုင်းဝင်ယာဉ်များအဖြစ် စုဆောင်းခြင်းနှင့် ဆက်စပ်ပစ္စည်းများပြန်လည်ထိန်းသိမ်းခြင်း များကို လက်ရှိကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆောင်ရွက်နေကြပါသည်။

မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်။ Classic မော်တော်ယာဉ်များအား တန်ဖိုးထား ထိန်းသိမ်းနိုင်ရေး သမိုင်းဝင်ယဉ်များအဖြစ် တရားဝင်မှတ်တမ်းတင်ထားရှိခွင့်ပြုနိုင်ရေးအတွက် မှတ်ပုံတင်ရန် လိုအပ်ပါသဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိပြီးသော (၅)နှစ် ကျော်နှစ်ပြတ်၍ မှတ်ပုံတင်ဖျက်သိမ်းပြီးသည့်မော်တော်ယာဉ်များအနက် I980 Model နှင့် ၎င်း မတိုင်မီ ယာဉ်များအား ရှေးဟောင်း Classicယာဉ်အဖြစ်သတ်မှတ်ပြီး သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ ရှေးဟောင်း Classic မော်တော်ယာဉ်များမှတ်ပုံတင်ဆောင်ရွက်ပေးရာတွင် ထိုက်သင့် သည့် ဥပဓိရုပ်နှင့်အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ်ကင်းစွာမောင်းနှင်နိုင်သည့် အဆင့်ဖြစ်ပါက ရှေးဟောင်း Classic မော်တော်ယာဉ်များအဖြစ်သတ်မှတ်ပြီး တိုင်းဒေသကြီး/ ပြည် နယ်/ခရိုင်ရုံးများတွင် သတ်မှတ်အခွန်အခများကောက်ခံပြီး ၂၄-၂-၂၀၂၂ရက် (ကြာသပတေး နေ့မှစ၍ ၂၅-၃-၂၀၂၂ ရက် (သောကြာ)နေ့ထိ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မူသေအမှတ်များကို ရောက်ရှိယာဉ်အမှတ်အသစ် သတ်မှတ်ပေးသွားမည်ဖြစ်ပါသည်။

မှတ်ပုံတင်ခအပြင်
 ယာဉ်ငယ်တစ်စီးလျှင် ဒဏ်ကြေးအဖြစ် သက်တမ်းပြတ်ကာလ၏

  • (၅)နှစ် အထက်မှ (၁၀)နှစ်အတွင်း သိန်း(၃၀)ကျပ်၊ 
  • (၁၀)နှစ်အထက်မှ (၁၅)နှစ်အတွင်း သိန်း(၄၀)ကျပ်၊
  • (၁၅)နှစ်အထက် သိန်း(၅၀)ကျပ်၊ 

ယာဉ်ကြီးတစ်စီးလျှင် ဒဏ်ကြေးအဖြစ် သက်တမ်းပြတ်ကာလ 

  • (၅)နှစ်အထက်မှ (၁၀)နှစ်အတွင်း (၂၅)သိန်း၊
  •  (၁၀)နှစ်အထက်မှ (၁၅)နှစ်အတွင်း (၃၅)သိန်း၊ 
  • (၁၅)နှစ် အထက် (၄၅)သိန်းပေးဆောင်ရမည့်အပြင်

 သူတစ်ပါးထိခိုက်မှုအာမခံကြေးနှင့် စည်ပင်သာယာဘီးခွန် ကြေးတို့ပါ ပေးသွင်းရမည်ဖြစ်ပါသည်။

ထိုကဲ့သို့ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးရာတွင် 

 

  • မူလမော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)နှင့် 
  • ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်(CVR)၊ 
  • မော်တော်ယာဉ်ပိုင်ရှင်၏ မှတ်ပုံတင်မူရင်း 
  • ယာဉ်ပိုင်ရှင်အမည်ပေါက်မဟုတ်ပါက ပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်စည်းကြပ်မှုခံယူပြီးကြောင်း အခွန်ပုံစံ-၁

ပါရှိရမည်ဖြစ်ပါသည်။


မှတ်ပုံတင်မည့်မော်တော်ယာဉ်သည် 

  • ထုတ်လုပ်သည့်ခုနှစ်ပုံစံ Model အလိုက် ထုတ်လုပ်ထား သည့် ရုပ်သဏ္ဍာန်နှင့် တူညီရမည်ဖြစ်ကြောင်း၊
  • မူလစက်စွမ်းအားထက်ကျော်လွန်သော စက်စွမ်းအား အင်ဂျင်ပါဝါစီစီ)ထက်ကျော်လွန်သော အင်ဂျင်ပြောင်းလဲတပ်ဆင်ခြင်းများကို ခွင့်မပြုကြောင်း၊
  •  ထိုက်သင့်သည့်ဥပဓိရုပ်နှင့် အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အန္တရာယ်ကင်းစွာမောင်းနှင် နိုင်ရမည်ဖြစ်ကြောင်း၊ 
  • ဘောင်အမှတ် ဖောက်ထည့်၊ ဖြတ်ဆက်၊ ပြန်ရိုက်ထားသည့်ယာဉ်များ Boo Coach ပြောင်းလဲထားသည့်ယာဉ်များမှတ်ပုံတင်ခွင့်မပြုကြောင်း၊
  •  ပြန်လည်မှတ်ပုံတင်သည့်နေ့မှစ၍ (၅)နှစ်အတွင်း ယဉ်အိုယာဉ်ဟေင်းအဖြစ် အပ်နှံခွင့်မပြုကြောင်း

အသိပေးကြေညာအပ်ပါသည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
 

Read 978 times