တမူထူးခြားသည့် အီးဗီအသေးစားဖြင့် ဥရောပဈေးကွက်ထဲ ဝင်မယ့် အစ္စရေးမှ City Transformer


တမူထူးခြားသည့် အီးဗီအသေးစားဖြင့် ဥရောပဈေးကွက်ထဲ ဝင်မယ့် အစ္စရေးမှ City Transformer

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အစ္စရေးမှ အီးဗီလုပ်ငန်းသစ် City Transformer က မြို့တွင်းစီး အီးဗီအသေးစားကို ဒီဇိုင်းထုတ်ထားပြီး ခရီးတာ ၁၈၀ ကီလိုမီတာအထိ ရပါတယ်။
မြို့တွင်းစီး အီးဗီအသေးစား CT-2 မော်ဒယ်ကို အနောက်ဥရောပဈေးကွက်တွင် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်ရောင်းချဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။

 

ယခုအချိန်အထိ ရင်းနှီးမြှုပ်နှံသူများက အရင်းအနှီး ကန်ဒေါ်လာ သန်း ၂၀ ရရှိထားပြီး များ မကြာခင်မှာ ဒုတိယအသုတ် ရင်းနှီးမြှုပ်နှံမှု အဖြစ် ကန်ဒေါ်လာ သန်း ၅၀ ခေါ်ယူမှာ ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် Asaf Formoza က Reuters သတင်းဌာနသို့ ပြောကြားပါတယ်။

 

အနောက်ဥရောပရှိ စက်ရုံတစ်ခုကို ရွေးချယ်ခဲ့ပြီးပြီဖြစ်ကြောင်း၊ ၎င်းစက်ရုံမှာ ကနဦးအနေဖြင့် တစ်နှစ်လျှင် စီးရေ ၁၅,၀၀၀ ထုတ်လုပ်မှာ ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။ စက်ရုံ တည်နေရာကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုပါ။
CT-2 ကို ဥရောပသမဂ္ဂ အီးယူနှင့် ဗြိတိန်တို့တွင် လမ်းများပေါ် မောင်းနှင်ဖို့ အတည်ပြု ခွင့်ပြုချက် ရရှိထား ပြီးပြီ ဖြစ်ပါတယ်။ မြို့တွင်းသွားလာမှု ခရီးတာ ၁၈၀ ကီလိုမီတာ (၁၁၂ မိုင်) အထိ ရနိုင်ပါတယ်။ 
CT-2 ရဲ့ ဘက်ထရီ အပါအဝင် ယာဉ်အလေးချိန် ၄၅၀ ကီလိုဂရမ် ရှိပါတယ်။
Tesla Model 3 ရဲ့ ဘက်ထရီ အလေးချိန် ၄၈၀ ကီလိုဂရမ် ဝန်းကျင် ရှိပါတယ်။ 
မြို့တွင်းသွားလာဖို့အတွက် အီးဗီတွေဟာဘက်ထရီ လေးလေးလံလံကို သယ်ထားကြရတာကို မလိုလားတဲ့အတွက် CT-2 ကို ပေါ့ပါးအောင် ဒီဇိုင်းထုတ်ထားကြောင်း Formoza က ပြောကြားပါတယ်။
CT-2 မှာ ယာဉ်အကျယ် ၁ မီတာ ( ၃.၂၈ ပေ) မျှသာ ရှိတဲ့ အားသာချက် ရှိပါတယ်။ 

 

ယာဉ်ရပ်နားရန်နေရာမှာ သမားရိုးကျ ကားတစ်စီးနေရာမှာ CT-2 ၄ စီးအထိ ရပ်လို့ရမယ်လို့ Formoza က ပြောကြားပါတယ်။

 

ခါးအလျား wheel base က ၁.၄ မီတာ ရှိပြီး "performance mode" ဖြင့် မောင်းနှင်လျှင် တစ်နာရီ ကီလိုမီတာ ၉၀ (၅၆ မိုင်) အထိ မြန်ပါတယ်။
 ရှေ့ခုံ တစ်ယောက် နောက်ခုံ တစ်ယောက် ထိုင်စီးရတဲ့ ၂ ယောက်စီး အီးဗီဖြစ်ပါတယ်။ 

 


 အိမ်တိုင်ရာရောက် ပစ္စည်း လိုက်လံပေးပို့ခြငအတွက်လည်း သုံးစွဲနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားပါတယ်။
CT-2 ရဲ့ ဘက်ထရီ အပါအဝင် ယာဉ်အလေးချိန် ၄၅၀ ကီလိုဂရမ် ရှိပါတယ်။
Tesla Model 3 ရဲ့ ဘက်ထရီ အလေးချိန် ၄၈၀ ကီလိုဂရမ် ဝန်းကျင် ရှိပါတယ်။ 
မြို့တွင်းသွားလာဖို့အတွက် အီးဗီတွေဟာဘက်ထရီ လေးလေးလံလံကို သယ်ထားကြရတာကို မလိုလားတဲ့အတွက် CT-2 ကို ပေါ့ပါးအောင် ဒီဇိုင်းထုတ်ထားကြောင်း Formoza က ပြောကြားပါတယ်။
CT-2 ရောင်းဈေး ယူရို ၁၆,၀၀၀ ($17,400) သတ်မှတ်ပါတယ်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3389 times