မှတ်ပုံတင် သက်တမ်းကျော်လွန် City Taxi အငှားယာဉ်များ ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် မှတ်ပုံတင် သက်တမ်းတိုး


မှတ်ပုံတင် သက်တမ်းကျော်လွန် City Taxi အငှားယာဉ်များ ဒဏ်ကြေးကင်းလွတ်ခွင့်ဖြင့် မှတ်ပုံတင် သက်တမ်းတိုးပေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် City Taxi အငှားယာဉ်များ မှတ်ပုံတင် သက်တမ်းကျော်လွန်နေပါက ဒဏ်ကြေးငွေကင်းလွတ်ခွင့်ဖြင့် City Taxi မှတ်ပုံတင် သက်တမ်းတိုးကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဒဏ်ကြေးမှာ သက်တမ်းကုန်လွန်ခဲ့သည်မှာ တစ်နှစ်မပြည့်လျှင် ကျပ် ၅၀၀၀၊ တစ်နှစ် အတိ ကျပ်၈၀၀၀နှင့် တစ်နှစ် အထက် ကျပ် ၁၅၀၀၀ ကောက်ခံပါသည်။ 
ယခုအခါ ၎င်းဒဏ်ကြေးများ ကင်းလွတ်ခွင့် ပေးထားပြီး City Taxi မှတ်ပုံတင် သက်တမ်းတိုးကို ဆောင်ရွက်ပေးလျက်ရှိရာ 
မှတ်ပုံတင်ကြေး ကျပ်၃၀၀၀၊  
ယာဉ်မောင်းကတ်အတွက် ကျပ် ၆၀၀၊ 
ကတ်ထည့် Stand များအတွက် ကျပ် ၃၅၀၀ နှင့် 
City Taxi နံပါတ်စတေကာ အတွက် ကျပ် ၁၄၀၀ 
စုစုပေါင်း ကျပ် ၈၅၀၀ ကောက်ခံသွားမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် စာရင်းအရ မှတ်ပုံတင်ပြီး City Taxi အငှားယာဉ် စီးရေ ၆၅,၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။

Source MyotawNews

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 469 times