ဘော်ဒီမပါ ချာစီဖြင့် မောင်းနှင်နိုင်သော CIIC စကိတ်ဘုတ်ကို  ဘက်ထရီလုပ်ငန်းကြီး CATL ဗီဒီယိုဖြင့် ပြသ


ဘော်ဒီမပါ ချာစီဖြင့် မောင်းနှင်နိုင်သော CIIC စကိတ်ဘုတ်ကို  ဘက်ထရီလုပ်ငန်းကြီး CATL ဗီဒီယိုဖြင့် ပြသ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တရုတ်နိုင်ငံမှ အီးဗီ ဘက်ထရီလုပ်ငန်းကြီး Contemporary Amperex Technology Co., Limited (CATL) က စကိတ်ဘုတ် ပလက်ဖောင်းကို ထုတ်လုပ်ထားပြီး လူမှုကွန်ရက်မှာ ဗီဒီယိုမှတ်တမ်းကို တင်ပြခဲ့ပါသည်။ 

ဘက်ထရီထုပ် ကြမ်းခင်းပေါ်တွင် ယာဉ်မောင်း ထိုင်ရန် ထိုင်ခုံတလုံးပါသည်။ ထိန်းကျောင်းမောင်းနှင်ရန် စတီယာရင်ပါသည်။ ကိုယ်ထည်မပါသေးသော ချာစီအဆင့်ဖြင့် မောင်းနှင်ခြင်း ဖြစ်ပါသည်။

၎င်းချာစီကို ဉာဏ်ရည်ပါ ပေါင်းစည်းချာစီ Integrated Intelligent Chassis (CIIC) ဟု အမည်ပေးထားသည်။

Huawei နှင့် CATL တို့သည် အီးဗီဖွံ့ဖြိုးရေးအတွက် နားလည်မှုစာချွန်လွှာ ရေးထိုးထားကြသည်။
ထို့ပြင် Changan ၏ အီး‌ဗီအမှတ်တံဆိပ် Avatr တွင် Huawei နှင့် CATL တို့ ပူးပေါင်းပါဝင်ကာ လုပ်ကိုင်လျက်ရှိသည်။ 
သို့ဖြစ်ရာ CIIC စကိတ်ဘုတ်ချာစီကို အရင်ဆုံး ဈေးဦးပေါက် ဝယ်ယူသုံးစွဲမည့်သူမှာ ဟွာဝေး ဖြစ်မည်ဟု ထင်ကြေးပေးကြသည်။ 

CIIC စကိတ်ဘုတ်ချာစီမှ ဘက်ထရီထုပ်သည် ခရီးတာ ကီလိုမီတာ ၃၀၀ အတွက် အားသွင်းချိန်မှာ ၅ မိနစ်သာ ကြာပါသည်။ အားအပြည့်ဖြင့် ခရီးတာ ကီလိုမီတာ ၁,၀၀၀ အထိ သွားနိုင်မည်။ ဆီဒင်အမျိုးအစားအတွက် ချာစီဖြစ်ပါသည်။

ပေါင်းစည်းချာစီတွင် CATL ၏ ဘက်ထရီထုပ်များ၊ လျှပ်စစ်မော်တာများ၊ အခြား အရေးကြီးသော မပါမဖြစ် အစိတ်အပိုင်းများကို တပေါင်းတစည်းတည်း ထည့်ပေးထားသည်။ စတီယာရင်စနစ်၊ ဘရိတ်စနစ်တို့လည်း ပါဝင်ပြီးသား ဖြစ်သည်။ 

သို့ဖြစ်ရာ ကုန်ကျစရိတ် သက်သာစေသည်။ ယာဉ်အလေးချိန်လည်း လျော့စေသည်။ စွမ်းအင်သုံးစွဲမှုလည်း သက်သာစေသည်။ ကားစီးသူများအတွက် နေရာ ကျယ်ကျယ်ဝန်းဝန်း ရစေသည်။ ဗို့အားအမြင့်နှင့် ဗို့အားအနိမ့် စနစ်နှစ်မျိုး ပေါင်းစပ်သုံးစွဲထားသည်။ 

အားနည်းချက်မှာ တပေါင်းတစည်းတည်းအဖြစ် တည်ဆောက်ထားသဖြင့် အသေးစား ထိမိခိုက်မိလျှင် အကြီးစားပြုပြင်မှု လုပ်ဆောင်ရဖွယ် ရှိသည်။ သို့ဖြစ်ရာ အသေးစား ထိခိုက်ခြင်း ဖြစ်သော်လည်း ပြုပြင်ရသည့် ကုန်ကျစရိတ် ကြီးမားနိုင်ပါသည်။ 


CATL သည် CIIC ချာစီကို ၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် အမြောက်အမြား စတင်ထုတ်လုပ်မည်ဟု ရည်မှန်းထားပါသည်။ 

 

 

Source: Weibo, Imsilkroad

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1647 times