၂၀၂၃ ခုနှစ်တွင် Chery   အစီးရေ ၁.၈၈ သန်း ရောင်းချနိုင်ခဲ့


၂၀၂၃ ခုနှစ်တွင် Chery   အစီးရေ ၁.၈၈ သန်း ရောင်းချနိုင်ခဲ့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်ကားလုပ်ငန်း Chery Holding Group Co., Ltd. သည် ၂၀၂၃ ခုနှစ်တွင် ရောင်းအားခိုင်မာခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။ 

၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း အစီးရေ ၁.၈၈ သန်း ရောင်းချခဲ့ရပြီး ယမန်နှစ်ကထက် ၅၂.၆ ရာခိုင်နှုန်း ပိုများသည်ဟု Chery  က ပြောကြားသည်။
ပြည်ပသို့ ကားအစီးရေ ၉ သိန်းကျော် (၉၃၇,၁၄၈ စီး) တင်ပို့ခဲ့ပြီး ယမန်နှစ်ကထက်  ၁.၁.၁ ရာခိုင်နှုန်း ပိုများသည်။ 


၂၀၂၃ ခုနှစ် တလျှောက်လုံး တလထက် တလ ရောင်းအား မြင့်တက်ခဲ့ပြီး ဒီဇင်ဘာလတွင် အစီးရေ ၂ သိန်းကျော် (၂၁၅,၆၉၀ စီး) ရောင်းချခဲ့သည်။ 

၂၀၂၃ ခုနှစ်တွင် ဝင်ငွေ စုစုပေါင်း ယွမ် ၃၀၀ ဘီဘီယံကျော် (ကန်ဒေါ်လာ ၄၂.၂၅ ဘီလီယံခန့်)  ရရှိခဲ့သည်။ 

.

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဝူဟူမြို့ကြီးရှိ Chery Holding Group Co., Ltd. ကားစက်ရုံတွင် စွမ်းအင်သစ် ကားများ တပ်ဆင်ရေးလိုင်း

Source Xinhua

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 543 times